MASIGNALPHA101

ျမန္မာအစိုးရႏွင့္ Facebook ကုမၸဏီ ေတြ႔ဆံုခဲ့ၿပီးေနာက္ပိုင္း U Hla Swe ၏ တရား၀င္အေကာင့္ ပိတ္သိမ္းခံရ

ျမန္မာအစိုးရႏွင့္ Facebook ကုမၸဏီ ေတြ႔ဆံုခဲ့ၿပီးေနာက္ပိုင္း U Hla Swe ၏ တရား၀င္အေကာင့္ ပိတ္သိမ္းခံရ
Thursday, June 7, 2018

ေနျပည္ေတာ္၊ ဇြန္ ၇

လက္ရွိအစိုးရကို ေ၀ဖန္ေထာက္ျပသည့္ ပိုစ့္မ်ားေရးသားေနေသာ Facebook မ်ားအား ပိတ္သိမ္းေပႏိုင္ေရးအတြက္ ျမန္မာႏုိင္ငံအစိုးရမွ Facebook ကုမၸဏီအား ဖိတ္ၾကားခဲ့ရာ Facebook ကုမၸဏီမွ တာ၀န္ရွိသူမ်ားအဖြဲ႕သည္ ဇြန္လ ၅ ရက္ေန႕က ျမန္မာႏို္င္ငံသို႔ေရာက္ရွိလာခဲ့ၿပီး ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေဖျမင့္ႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီးေနာက္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြ၏ facebook အသိအမွတ္ျပဳ (Blue Mark အမွတ္အသားပါ) အေကာင့္အား ယမန္ေန႕က ပိတ္သိမ္းခံလိုက္ရေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ရဲ႕တရား၀င္အေကာင့္ဟာ မေန႕ညေနပိုင္းက ပိတ္သိမ္းခံလိုက္တယ္။ အရင္တုန္းကလည္း ဒီလိုပဲ အပိတ္ခံခဲ့ရၿပီးၿပီ။ ဒါေပမယ့္ facebookက တရာ၀င္ခြင့္ျပဳထားတဲ့ အေကာင့္ျဖစ္တာေၾကာင့္ facebook ကုမၸဏီကို အစီရင္ခံစာတင္ျပခဲ့ၿပီး ျပန္လည္ေတာင္းခံခဲ့လို႕ ျပန္လည္အသံုးျပဳခြင့္ရခဲ့တယ္။ ဒီတစ္ခါျပန္ေတာင္းတဲ့အခါမွာ ေဖ့စ္ဘြတ္ ျမန္မာႏိုင္ငံ ေအဂ်င္စီက ဒီအေကာင့္ကို ပိတ္သိမ္းေပးဖို႕ တင္ျပထားတာေၾကာင့္ ကၽြန္ေတာ့အေကာင့္ကို ပိတ္သိမ္းရတာျဖစ္တယ္လို႕ ေဖ့စ္ဘြတ္ကုမၸဏီက ျပန္လည္အသိေပးလာတယ္” ဟု ဦးလွေဆြက သူ၏အေကာင့္ ပိတ္သိမ္းခံရမႈႏွင့္ပတ္သက္ၿပီး ေျပာဆိုသည္။


ေဒါက္တာေဖျမင့္ႏွင့္ ေဖစ့္ဘြတ္တာ၀န္ရွိသူမ်ား ေတြ႕ဆံုမႈအၿပီးတြင္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈရရွိခဲ့သျဖင့္ လုပ္ငန္းကိစၥရပ္မ်ားအား ေဆာင္ရြက္ႏိုင္ရန္အတြက္ လုပ္ငန္းအစီအမံမ်ား ေရးဆြဲျခင္းမ်ား၊ လုပ္ငန္းေဆာင္ရြက္မႈအေပၚ ေငြးေၾကးဆိုင္ရာ သေဘာတူညီမႈမ်ားရရွိခဲ့ၾကၿပီး ေန႕တြင္းခ်င္းလိုလိုမွာပင္ အဆိုပါလုပ္ငန္းအား စတင္အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း သိရသည္။

၎အေကာင့္အား ပိတ္သိမ္းခိုင္းလိုက္ျခင္းမွာ အစိုးရအေနႏွင့္ ျပည္သူမ်ားဆီသို႕ သတင္းအမွန္ေရာက္သြားျခင္းအား မလိုခ်င္ျခင္ေၾကာင္း၊ အစိုးရ၏ ဟာကြက္မ်ားကို ျပည္သူမ်ားမသိေအာင္ ဖံုးဖိခ်င္ေနျခင္းျဖစ္ေၾကာင္း၊ ယခုအေျခအေနဟာ ျမန္မာႏိုင္ငံ၏ သတင္းလြတ္လပ္ခြင့္အတြက္ အန္မတန္မွ စိုးရိမ္စရာေကာင္းသည့္ အေျခအေနသို႕ ေရာက္သြားၿပီျဖစ္ေၾကာင္း ဦးလွေဆြက သူ၏ ေဖစ့္ဘြတ္အေကာင့္ ပိတ္သိမ္းခံရမႈႏွင့္ပတ္သက္၍ အစိုးရအား ေ၀ဖန္ေျပာၾကားလိုက္သည္။


“ကၽြန္ေတာ္ ေဖစ့္ဘြတ္ေပၚမွာ ေ၀ဖန္ေရးသားေနတယ္ဆိုတာက အစိုးရကိုအပုတ္ခ်တိုက္ခိုက္ေနတာ မဟုတ္ဘူး။ အျပဳသေဘာကို ေ၀ဖန္ေထာက္ျပေနတာသာျဖစ္တယ္။ လက္ရွိအစိုးရရဲ႕ လုပ္ကိုင္ေဆာင္ရြက္မႈေတြဟာ အမွားအယြင္းေတြ၊ လြဲေခ်ာ္မႈေတြ၊ မလုပ္သင့္တာေတြ စတဲ့အေပၚမွာ ဒါေတြဒါေတြဟာ မျဖစ္သင့္ဘူး၊ ဒီလိုေတြမလုပ္သင့္ဘူး ဆိုၿပီးေတာ့မွ အစိုးရနဲ႕ ျပည္သူေတြဆီကို သတင္းအမွန္ေရာက္ေအာင္ ေရးသားျဖန္႕ေ၀ေနတာပဲျဖစ္တယ္။ ေနာက္တစ္ခုက အစိုးရအေနနဲ႕လုပ္ရမယ့္ အလုပ္ေတြျဖစ္တဲ့ ျပန္ၾကားေပးရန္၊ ပညာေပးရန္၊ ေဖ်ာ္ေျဖေပးရန္ စတဲ့အခ်က္သံုးခ်က္ကို အစိုးရကိုယ္စား ကၽြန္ေတာ့္အေကာင့္ကပဲ လုပ္ေဆာင္ေပးေနတာျဖစ္တယ္။ အခုလို ကၽြန္ေတာ့္အေကာင့္ကို ပိတ္သိမ္းခိုင္းလိုက္တာဟာ အစိုးရအေနနဲ႕ ျပည္သူေတြဆီကို သတင္းအမွန္ေရာက္တာကို မလိုခ်င္တာလား။ သူတို႕ရဲ႕ ဟာကြက္ေတြကို ျပည္သူေတြမသိေအာင္ ဖံုးဖိခ်င္နတာလား။ ဒါဆိုရင္ ကၽြန္ေတာ္တို႕ျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္ဟာ အန္မတန္မွ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနကို ေရာက္သြားပါၿပီ” ဟု ၎က ေျပာသည္။


လြန္ခဲ့သည့္ လအနည္းငယ္ တြင္းက လက္ရွိအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏ အြန္လိုင္းက႑အား ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ က်ပ္သိန္းေပါင္း ၆၀၀၀၀ ေက်ာ္ အကုန္က်ခံေဆာင္ရြက္ခဲ့ၿပီးေနာက္ ယခုထပ္မံကာ လက္ရွိအစိုးရအား ေ၀ဖန္တုိက္ခုိက္သည့္ Post မ်ားတင္ေနေသာ Account မ်ားအား ပိတ္သိမ္းေပးႏိုင္ေရးအတြက္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

ေအာင္သန္းေငြ

==========

Unicode

နေပြည်တော်၊ ဇွန် ၇

လက်ရှိအစိုးရကို ဝေဖန်ထောက်ပြသည့် ပိုစ့်များရေးသားနေသော Facebook များအား ပိတ်သိမ်းပေနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရမှ Facebook ကုမ္ပဏီအား ဖိတ်ကြားခဲ့ရာ Facebook ကုမ္ပဏီမှ တာဝန်ရှိသူများအဖွဲ့သည် ဇွန်လ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၏ facebook အသိအမှတ်ပြု (Blue Mark အမှတ်အသားပါ) အကောင့်အား ယမန်နေ့က ပိတ်သိမ်းခံလိုက်ရကြောင်း သိရသည်။

“ကျွန်တော့်ရဲ့တရားဝင်အကောင့်ဟာ မနေ့ညနေပိုင်းက ပိတ်သိမ်းခံလိုက်တယ်။ အရင်တုန်းကလည်း ဒီလိုပဲ အပိတ်ခံခဲ့ရပြီးပြီ။ ဒါပေမယ့် facebookက တရာဝင်ခွင့်ပြုထားတဲ့ အကောင့်ဖြစ်တာကြောင့် facebook ကုမ္ပဏီကို အစီရင်ခံစာတင်ပြခဲ့ပြီး ပြန်လည်တောင်းခံခဲ့လို့ ပြန်လည်အသုံးပြုခွင့်ရခဲ့တယ်။ ဒီတစ်ခါပြန်တောင်းတဲ့အခါမှာ ဖေ့စ်ဘွတ် မြန်မာနိုင်ငံ အေဂျင်စီက ဒီအကောင့်ကို ပိတ်သိမ်းပေးဖို့ တင်ပြထားတာကြောင့် ကျွန်တော့အကောင့်ကို ပိတ်သိမ်းရတာဖြစ်တယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ပြန်လည်အသိပေးလာတယ်” ဟု ဦးလှဆွေက သူ၏အကောင့် ပိတ်သိမ်းခံရမှုနှင့်ပတ်သက်ပြီး ပြောဆိုသည်။

ဒေါက်တာဖေမြင့်နှင့် ဖေစ့်ဘွတ်တာဝန်ရှိသူများ တွေ့ဆုံမှုအပြီးတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိခဲ့သဖြင့် လုပ်ငန်းကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအစီအမံများ ရေးဆွဲခြင်းများ၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် ငွေးကြေးဆိုင်ရာ သဘောတူညီမှုများရရှိခဲ့ကြပြီး နေ့တွင်းချင်းလိုလိုမှာပင် အဆိုပါလုပ်ငန်းအား စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

၎င်းအကောင့်အား ပိတ်သိမ်းခိုင်းလိုက်ခြင်းမှာ အစိုးရအနေနှင့် ပြည်သူများဆီသို့ သတင်းအမှန်ရောက်သွားခြင်းအား မလိုချင်ခြင်ကြောင်း၊ အစိုးရ၏ ဟာကွက်များကို ပြည်သူများမသိအောင် ဖုံးဖိချင်နေခြင်းဖြစ်ကြောင်း၊ ယခုအခြေအနေဟာ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် အန်မတန်မှ စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ကြောင်း ဦးလှဆွေက သူ၏ ဖေစ့်ဘွတ်အကောင့် ပိတ်သိမ်းခံရမှုနှင့်ပတ်သက်၍ အစိုးရအား ဝေဖန်ပြောကြားလိုက်သည်။

“ကျွန်တော် ဖေစ့်ဘွတ်ပေါ်မှာ ဝေဖန်ရေးသားနေတယ်ဆိုတာက အစိုးရကိုအပုတ်ချတိုက်ခိုက်နေတာ မဟုတ်ဘူး။ အပြုသဘောကို ဝေဖန်ထောက်ပြနေတာသာဖြစ်တယ်။ လက်ရှိအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အမှားအယွင်းတွေ၊ လွဲချော်မှုတွေ၊ မလုပ်သင့်တာတွေ စတဲ့အပေါ်မှာ ဒါတွေဒါတွေဟာ မဖြစ်သင့်ဘူး၊ ဒီလိုတွေမလုပ်သင့်ဘူး ဆိုပြီးတော့မှ အစိုးရနဲ့ ပြည်သူတွေဆီကို သတင်းအမှန်ရောက်အောင် ရေးသားဖြန့်ဝေနေတာပဲဖြစ်တယ်။ နောက်တစ်ခုက အစိုးရအနေနဲ့လုပ်ရမယ့် အလုပ်တွေဖြစ်တဲ့ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စတဲ့အချက်သုံးချက်ကို အစိုးရကိုယ်စား ကျွန်တော့်အကောင့်ကပဲ လုပ်ဆောင်ပေးနေတာဖြစ်တယ်။ အခုလို ကျွန်တော့်အကောင့်ကို ပိတ်သိမ်းခိုင်းလိုက်တာဟာ အစိုးရအနေနဲ့ ပြည်သူတွေဆီကို သတင်းအမှန်ရောက်တာကို မလိုချင်တာလား။ သူတို့ရဲ့ ဟာကွက်တွေကို ပြည်သူတွေမသိအောင် ဖုံးဖိချင်နတာလား။ ဒါဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ အန်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်သွားပါပြီ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် လအနည်းငယ် တွင်းက လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အွန်လိုင်းကဏ္ဍအား ထိန်းချုပ်နိုင်ရန်အတွက် ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် အကုန်ကျခံဆောင်ရွက်ခဲ့ပြီးနောက် ယခုထပ်မံကာ လက်ရှိအစိုးရအား ဝေဖန်တိုက်ခိုက်သည့် Post များတင်နေသော Account များအား ပိတ်သိမ်းပေးနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အောင်သန်းငွေ