MASIGNALPHA101

မ်က္စိကြယ္ေနရွာတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္

မ်က္စိကြယ္ေနရွာတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္
Thursday, June 7, 2018

သရုပ္ေဆာင္ေလာကမွာ နာမည္တစ္လံုး၇ွိခဲ့တဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ဟာ က်န္းမာေရးအေျခအေန ေတာ္ေတာ့ကို စိုးရြားေနရွာပါတယ္။ သူမဟာ ေက်ာက္ကပ္နဲ႕ ဆီးခ်ိဳ ေရာဂါႏွစ္မ်ိဳးေၾကာင့္ ေတာ္ေတာ့ကိုေ၀ဒနာအျပင္းအထန္ခံစားေနရရွာပါတယ္။သူမဟာ သားအမိႏွစ္ေယာက္သာ ရွိၿပီး သမီးေလးကလဲ ဆယ္တန္းအရြယ္သာရွိေသးသူေလးမို႔ ေငြေရးေၾကးေရး၊စား၀တ္ေနေရးေတြဟာ အရမ္းကို ခက္ခဲေနရွာပါတယ္။ သရုပ္ေဆာင္ကစ္ကစ္ဟာ အေရွ႕ရက္ပိုင္းတုန္းက အႏုပညာရွင္အခ်ိဳ႕ရဲ႕ လွူဒါန္းၾကတဲ့အလွူေငြေတြနဲ႕ ေဆးကုသခဲ့တာ အတိုင္းအတာတစ္ခုထိသက္သာခဲ့ၿပီး ယခုလိုက်န္းမာေရးဆိုး၇ြာတဲ့ အေျခအေနေရာက္ေနတာကေတာ့ ၂လေလာက္ဘဲ၇ွိေသးတယ္လို႕သိရပါတယ္။ သူမတို႔သားမိဟာ ပိုက္ဆံမရွိ တာေၾကာင့္ ေရေသာက္ၿပီး ေနခဲ့ရတဲ့ ရက္ေတြေတာင္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။


သူမရဲ႕ က်န္းမာေရးအေျခအေနဆိုးရြားခဲ့ပံုကို ” သမီးနယ္ဘက္မွာသီခ်င္းသြားဆိုေတာ့ အဲ့ဘက္ကို လိုက္သြားတာ အိမ္သာမရွိ၊ အေပါ့အေလးသြားရတာ ခက္ခဲေတာ့ ဆီးသြားလမ္းေၾကာင္းပိုး၀င္ၿပီး အဆုတ္ထဲေရ၀ပ္ေနတယ္ထင္တယ္၊ ပိုက္ဆံလဲမရွိ ဟိုတေလာက ဘဘဗိုလ္ကေလးတင့္ေအာင္လွူတာေလးနဲ႕သံုးေနရတာ၊ ေဆးရံုတက္ဖို႔ ပိုက္ဆံမလံုေလာက္တာေၾကာင့္ မတက္ႏိုင္ေသးပါဘူး၊ ပိုက္ဆံမ၇ွိ အလုပ္မ၇ွိ စကားေျပာလို႔လဲ မေကာင္းဘူးေမာေနတယ္ ” ဆိုၿပီး သူရဲ႕ ဆိုးရြားတဲ့ က်န္းမာေရးအေျခအေနအေၾကာင္းကိုေျပာျပခဲ့ပါတယ္။


အဲ့ဒီေနာက္မွာေတာ့ သူအေနနဲ႕ အႏုပညာရွင္ေတြကဘဲ ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္း၇ွင္ေတြကဘဲျဖစ္ေစ သူလိုေ၀သနာခံစားေနရတဲ့ သူေတြအတြက္ ပရဟိတအသင္းျဖစ္ျဖစ္၊ ဂရုေလးဘဲျဖစ္ျဖစ္ ၇ွိေစခ်င္တယ္။ ဒါမွလဲ ဒုကၡေရာက္ေနတဲ့ သူေတြအတြက္ ၀ိုင္း၀န္းကူညီၿပီးလုပ္ေပးရင္ ေဆးဖိုး၀ါးဒခ၊စား၀တ္ေနေရး စတဲ့ ပေဒသာပင္ေလးလုပ္ေပးမယ္ဆိုရင္ အဲ့ဒီလူေတြ ရပ္တည္ႏို္င္မယ္ ထင္ပါတယ္။ ဒါေၾကာင့္ အဲ့လို အဖြဲ႕အစည္းေလး၇ွိေပးဖို႔ အၾကံေပးျခင္ပါတယ္ဆိုၿပီး လဲေျပာျပခဲ့ပါတယ္။

သူမဟာ ဆီးပိုး၀င္ၿပီးတကိုယ္လံုးေဖာေယာင္ေနရံုသာမက ဆီးခ်ိဳေၾကာင့္ မ်က္စိအျမင္အာရံုပါ ခ်ိဳ႕တဲ့ေနရတယ္လို႔လဲသိရပါတယ္။ သူမဟာ ေဆးရံုမွာေဆးကုသမႈခံယူရင္ေတာ့ ပိုၿပီး ျမန္ျမန္သက္သာလာႏို္င္တယ္ဆိုေပမယ့္ လူခြဲမ၇ွိတာေရာ ၊ ပိုက္ဆံမရွိတာေရာေၾကာင့္ မတက္ႏို္ငဘူးဒျဖစ္ေန၇၇ွာပါတယ္။ သူမဟာ သူမလို ေ၀ဒနာခံစားေနရတဲ့သူေတြအတြက္လဲ အမွာစကားပါးထားပါေသးတယ္။ သူမေျပာထားတာကေတာ့ ” ေ၀ဒနာခံစားေနရတဲ့ သူေတြ ဘယ္လိုအေျခအေနျဖစ္ျဖစ္ေဆးကိုနိုင္ႏိုင္ကုၾကပါ ” ဆိုၿပီးေျပာထားပါေသးတယ္။


သူမအေနနဲ႕ သမီးေလးကို ၁၀တန္းေအာင္ေစခ်င္ၿ႔ပီး သူမ ေအာင္ျမင္သြားတဲ့အခါ သူတို႔အတြက္ အဆင္ေျပလာမွာပါလို႔လဲ ေတြးမိေနပါတယ္တဲ့။ သူမဟာ ဒီေ၀ဒနာဆိုးကို မခံစားႏိုင္ေတာ့ပါဘူးတဲ့ ကံကုန္ခ်င္လဲကုန္ပါေတာ့၊ ကံမကုန္ေသးဘူးဆို၇င္လဲ အေကာင္းတိုင္းျပန္သက္သာလာေစခ်င္တယ္တဲ့ အဲ့လိုသက္သာေစခ်င္တယ္ဆိုတာကလဲ သူမရဲ႕ သမီးေလးေရွ႔ေရးအတြက္ အေကာင္းဆံုး လုပ္ေဆာင္ေပးျခင္ေသးလို႔ပါတဲ့ေလ။

သူမေနာက္ဆံုးေျပာခဲ့တဲ့ သူမအျမဲတမ္းဆုေတာင္ေနတာေလး ရွိပါတယ္တဲ့။ အဲ့ဒါေလးကေတာ့ “ကစ္ကစ္ကို ျမန္ျမန္ေနေကာင္းေအာင္ ကူညီႏို္င္မယ့္သူ၊ ျမန္ျမန္ေပၚပါေစ ဆုေတာင္းတယ္၊ ေငြပေဒသာပင္စိုက္ထူနိုင္မယ့္ သူ၊ ဆီးခ်ိူေၾကာင့္မ်က္လံုး၂လံုးက၀ါး အျဖူေၿဗာင္ျဖစ္ေနၿ႔ပီ အဲ့မ်က္လံုးလဲျပန္ေကာင္းခ်င္တယ္၊ ေသြးေလပိ္တ္ေနတဲ့ ေျခေထာက္ေတြလဲေကာင္းခ်င္တယ္ ဒါမွလဲ အလုပ္ျပန္လုပ္နိုင္မွာေလ ၊ ေနေကာင္းခ်င္တယ္ ဆိုတာ ကေလးအတြက္ မားမားမက္မက္ရပ္ခ်င္တာ စား၀တ္ေနေရးေငြပေဒသာပင္စိုက္ထူးေပးႏို္င္မယ့္ သူေပၚပါေစဆိုၿပီး စိတ္ကူးယဥ္အိမ္မက္ကေလးထဲကေနဆုေတာင္းေနရတယ္ ” ဆိုၿပီး သူမရဲ႕ ဆုေတာင္းစကားေလးနဲ႔ အဆံုးသတ္ခဲ့ပါတယ္။


ကစ္ကစ္ေရ၊ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ၿပီး က်န္းမာေရးလဲ အျမန္ဆံုးျပန္ေကာင္းပါေစ၊အလွဴ၇ွင္ေတြလဲ အျမန္ဆံုးေတြ႕ပါေစလို႔ မိုမိုေလးမွ ဆုေတာင္းေပးပါတယ္ေနာ္။

Credit – KKK(momolay)
Source – momolay tv



==========

Unicode

သရုပ်ဆောင်လောကမှာ နာမည်တစ်လုံး၇ှိခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ကျန်းမာရေးအခြေအနေ တော်တော့ကို စိုးရွားနေရှာပါတယ်။ သူမဟာ ကျောက်ကပ်နဲ့ ဆီးချို ရောဂါနှစ်မျိုးကြောင့် တော်တော့ကိုဝေဒနာအပြင်းအထန်ခံစားနေရရှာပါတယ်။သူမဟာ သားအမိနှစ်ယောက်သာ ရှိပြီး သမီးလေးကလဲ ဆယ်တန်းအရွယ်သာရှိသေးသူလေးမို့ ငွေရေးကြေးရေး၊စားဝတ်နေရေးတွေဟာ အရမ်းကို ခက်ခဲနေရှာပါတယ်။ သရုပ်ဆောင်ကစ်ကစ်ဟာ အရှေ့ရက်ပိုင်းတုန်းက အနုပညာရှင်အချို့ရဲ့ လှူဒါန်းကြတဲ့အလှူငွေတွေနဲ့ ဆေးကုသခဲ့တာ အတိုင်းအတာတစ်ခုထိသက်သာခဲ့ပြီး ယခုလိုကျန်းမာရေးဆိုးရွာတဲ့ အခြေအနေရောက်နေတာကတော့ ၂လလောက်ဘဲ၇ှိသေးတယ်လို့သိရပါတယ်။ သူမတို့သားမိဟာ ပိုက်ဆံမရှိ တာကြောင့် ရေသောက်ပြီး နေခဲ့ရတဲ့ ရက်တွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားခဲ့ပုံကို ” သမီးနယ်ဘက်မှာသီချင်းသွားဆိုတော့ အဲ့ဘက်ကို လိုက်သွားတာ အိမ်သာမရှိ၊ အပေါ့အလေးသွားရတာ ခက်ခဲတော့ ဆီးသွားလမ်းကြောင်းပိုးဝင်ပြီး အဆုတ်ထဲရေဝပ်နေတယ်ထင်တယ်၊ ပိုက်ဆံလဲမရှိ ဟိုတလောက ဘဘဗိုလ်ကလေးတင့်အောင်လှူတာလေးနဲ့သုံးနေရတာ၊ ဆေးရုံတက်ဖို့ ပိုက်ဆံမလုံလောက်တာကြောင့် မတက်နိုင်သေးပါဘူး၊ ပိုက်ဆံမ၇ှိ အလုပ်မ၇ှိ စကားပြောလို့လဲ မကောင်းဘူးမောနေတယ် ” ဆိုပြီး သူရဲ့ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေအကြောင်းကိုပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူအနေနဲ့ အနုပညာရှင်တွေကဘဲ ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း၇ှင်တွေကဘဲဖြစ်စေ သူလိုဝေသနာခံစားနေရတဲ့ သူတွေအတွက် ပရဟိတအသင်းဖြစ်ဖြစ်၊ ဂရုလေးဘဲဖြစ်ဖြစ် ၇ှိစေချင်တယ်။ ဒါမှလဲ ဒုက္ခရောက်နေတဲ့ သူတွေအတွက် ဝိုင်းဝန်းကူညီပြီးလုပ်ပေးရင် ဆေးဖိုးဝါးဒခ၊စားဝတ်နေရေး စတဲ့ ပဒေသာပင်လေးလုပ်ပေးမယ်ဆိုရင် အဲ့ဒီလူတွေ ရပ်တည်နိုင်မယ် ထင်ပါတယ်။ ဒါကြောင့် အဲ့လို အဖွဲ့အစည်းလေး၇ှိပေးဖို့ အကြံပေးခြင်ပါတယ်ဆိုပြီး လဲပြောပြခဲ့ပါတယ်။

သူမဟာ ဆီးပိုးဝင်ပြီးတကိုယ်လုံးဖောယောင်နေရုံသာမက ဆီးချိုကြောင့် မျက်စိအမြင်အာရုံပါ ချို့တဲ့နေရတယ်လို့လဲသိရပါတယ်။ သူမဟာ ဆေးရုံမှာဆေးကုသမှုခံယူရင်တော့ ပိုပြီး မြန်မြန်သက်သာလာနိုင်တယ်ဆိုပေမယ့် လူခွဲမ၇ှိတာရော ၊ ပိုက်ဆံမရှိတာရောကြောင့် မတက်နိုငဘူးဒဖြစ်နေ၇၇ှာပါတယ်။ သူမဟာ သူမလို ဝေဒနာခံစားနေရတဲ့သူတွေအတွက်လဲ အမှာစကားပါးထားပါသေးတယ်။ သူမပြောထားတာကတော့ ” ဝေဒနာခံစားနေရတဲ့ သူတွေ ဘယ်လိုအခြေအနေဖြစ်ဖြစ်ဆေးကိုနိုင်နိုင်ကုကြပါ ” ဆိုပြီးပြောထားပါသေးတယ်။

သူမအနေနဲ့ သမီးလေးကို ၁၀တန်းအောင်စေချင်ြ့ပီး သူမ အောင်မြင်သွားတဲ့အခါ သူတို့အတွက် အဆင်ပြေလာမှာပါလို့လဲ တွေးမိနေပါတယ်တဲ့။ သူမဟာ ဒီဝေဒနာဆိုးကို မခံစားနိုင်တော့ပါဘူးတဲ့ ကံကုန်ချင်လဲကုန်ပါတော့၊ ကံမကုန်သေးဘူးဆို၇င်လဲ အကောင်းတိုင်းပြန်သက်သာလာစေချင်တယ်တဲ့ အဲ့လိုသက်သာစေချင်တယ်ဆိုတာကလဲ သူမရဲ့ သမီးလေးရှေ့ရေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးခြင်သေးလို့ပါတဲ့လေ။

သူမနောက်ဆုံးပြောခဲ့တဲ့ သူမအမြဲတမ်းဆုတောင်နေတာလေး ရှိပါတယ်တဲ့။ အဲ့ဒါလေးကတော့ “ကစ်ကစ်ကို မြန်မြန်နေကောင်းအောင် ကူညီနိုင်မယ့်သူ၊ မြန်မြန်ပေါ်ပါစေ ဆုတောင်းတယ်၊ ငွေပဒေသာပင်စိုက်ထူနိုင်မယ့် သူ၊ ဆီးချိူကြောင့်မျက်လုံး၂လုံးကဝါး အဖြူဗြောင်ဖြစ်နြေ့ပီ အဲ့မျက်လုံးလဲပြန်ကောင်းချင်တယ်၊ သွေးလေပိတ်နေတဲ့ ခြေထောက်တွေလဲကောင်းချင်တယ် ဒါမှလဲ အလုပ်ပြန်လုပ်နိုင်မှာလေ ၊ နေကောင်းချင်တယ် ဆိုတာ ကလေးအတွက် မားမားမက်မက်ရပ်ချင်တာ စားဝတ်နေရေးငွေပဒေသာပင်စိုက်ထူးပေးနိုင်မယ့် သူပေါ်ပါစေဆိုပြီး စိတ်ကူးယဉ်အိမ်မက်ကလေးထဲကနေဆုတောင်းနေရတယ် ” ဆိုပြီး သူမရဲ့ ဆုတောင်းစကားလေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ကစ်ကစ်ရေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ကျန်းမာရေးလဲ အမြန်ဆုံးပြန်ကောင်းပါစေ၊အလှူ၇ှင်တွေလဲ အမြန်ဆုံးတွေ့ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးပါတယ်နော်။

Credit – KKK(momolay)
Source – momolay tv