MASIGNALPHA101

လူမဆန္တဲ့ ယခုလုပ္ရပ္အတြက္ လံုးဝရံွဳ႕ခ်ပါတယ္

လူမဆန္တဲ့ ယခုလုပ္ရပ္အတြက္ လံုးဝရံွဳ႕ခ်ပါတယ္
Wednesday, June 6, 2018

****လူကိုလူလိုျမင္​​ေပးပါ​ေလာက*****

(5-6-18-အဂၤါေန႔ည 8:00နာရီအခ်ိန္တြင္ ျမဝတီျမိဳ႕’ ေမတၱာမြန္ ရံုေရွ႕’၌ ေမတၱာတရားကင္းမဲ႕ေသာ အျဖစ္ပ်က္တစ္ခုကို စာေရးသူေရွ႕တြင္မ်က္စိျဖင့္ တပ္အပ္ျမင္ေတြ႕ခဲ႕ရသည္။



ျဖစ္ပံုမွာ

ေမတၱာမြန္ေဆးရံုက ေဒါက္တာတစ္ေယာက္ကို လာၾကိဳေသာ ကားဟုသိရသည္။ကားနံပါတ္ 6E-7541-ေအာက္ပံုပါကားေမာင္းသူသည္ ေဆးရံုေရွ႔လမ္းေဘး၌ ကေလးကစားစရာ ေရာင္း ဘုေပါင္းသည္နွင့္ ဘယာေၾကာ္ေလးေတြ ေၾကာ္ေရာင္းေသာ ဟိႏၵဴလူမ်ိဳး ေစ်းသည္တို႔အား ‘မင္းတို႕ လမ္းလြတ္ေအာင္ဖယ္’ဟုေျပာျပီး သူ႕ကားကို လမ္းေဘးသို႕ခ်ရပ္လိုက္သည္။ ဘုေပါင္းသည္က ေဆးရံုျခံစည္းရိုးတံတိုင္းထိ ကပ္ေပးကာ ဘယာေၾကာ္ေရာင္းသူ ေစ်းသည္က ေဆးရံုတံတိုင္းေဒါင့္ေလာက္ထိ ေရႊ႕ျပီး ေနရာဖယ္ေပးလိုက္တာေတြ႔ရသည္။



အဲ႔ဒီလိုဖယ္ေပးျပီးတာကို ကားေမာင္းသူက ဘယာေၾကာ္ေရာင္းေသာ ဟိႏၵဴ လူမ်ိဳးေစ်းသည္ တည့္တည့္ ေဆာင့္ေမာင္းကာတိုက္ခ်လိုက္သည္ ။ေစ်းသည္ေတာာင္ ေဘးအေရွာင္ျမန္၍ လြတ္သြားသည္ သူေရာင္းေသာ ဘယာေၾကာ္ စမူစာ ေကာ္ျပန္႔ေခ်ာင္းေလးေတြပါမက ျငဳပ္သီးတစ္ေတာင့္မက်န္ လြင့္က်ဲေမွာက္က်ကုန္သည္။ ကားေမာင္းသူပါးစပ္ကေျပာလိုက္ေသးသည္။ ‘ဖယ္ဆိုတာကိုမဖယ္ဘူး နည္းေတာင္နည္းေသးတယ္’ဟူ၏ ။

မင္ကြင္းက ဆို႕နင့္စရာေကာင္းသည္ ဘယာေၾကာ္ေစ်းသည္’သည္ ေမွာက္က်ကုန္ေသာ သူဘယာေၾကာ္ေလးမ်ားကို တစ္ခုခ်င္းလိုက္ေကာက္ထည့္ေနသည္ ေဘးမွဝိုင္းၾကည့္ေနေသာ လူမ်ားက အေရာ္ေတာင္းေလဆိုေတာ့ ‘က်ေနာ္မေတာင္းရဲပါဘူးဗ်ာ သူတမင္တိုက္တာပဲ ေပးမွာလဲမဟုတ္ပါဘူးတဲ႔’ ။

စာေရးသူက ဘယာေၾကာ္သည္နားသြားျပီး “အကို ေမွာက္ကုန္တာ ဘယ္ေလာက္ဖိုးေလာက္ရွိသလဲ ေမးေတာ့” ငါးေထာင္ဖိုးေလာက္ပဲရွိပါတယ္ဟုဆို၍ ေငြ ငါးေထာင္ထုတ္ျပီးသူလက္ထဲထည့္ေပးလိုက္သည္ “စိတ္မေကာင္းပါဘူးအကို ဒီနားဆက္ေရာင္းမေနပါနဲ႔ က်တာေတြလည္း သဲေတြနဲ႕ေကာက္မေနပါနဲ႕”လို႕ေျပာလိုက္ေတာ့ ။

” ေက်းဇူးပါဗ်ာ က်ေနာ္ ေနာက္တစ္ရက္စာေစ်းေရာင္းျပန္ထြက္ဖို႕ အရင္းမရွိလို႕ ျပန္ေကာက္ေနတာပါ”တဲ႕ ။


စာေရးသူ ထိုျမင္ကြင္းနားဆက္မေနခ်င္ေတာ့တာနဲ႔ ခပ္ေဝးေဝးသို႕ထြက္လာလိုက္သည္ ။ဆရာဝန္ကားမကလို႕ ဘာကားေမာင္းေမာင္း လူကိုလူလိုျမင္ေပးပါ’ဟုေမတၱာရပ္ခံအပ္ပါသည္ေလာကေရ ။

အျမင္မေတာ္သ၍ ကြ်န္ုပ္ဖုန္းကမရာအား ေလာကဘက္သို႔အျမဲလွည့္ထားပါသည္ ။ဤပိုစ့္သတင္းနွင့္ပတ္သတ္၍လည္း အျပည့္အဝတာဝန္ခံပါသည္ လီဆယ္စကားမဟုတ္သလို မွတ္တမ္းလည္းျမင္သည့္အတိုင္းပါခင္ဗ်ာ။ အကယ္၍သက္ဆိုင္သူယဥ္ေမာင္းဤပိုစ့္အားျမင္ေတြ႕ပါက မန္႔၌ေနာက္မျဖစ္ေစရ လူစိတ္ေမြးပါမည္ဟု ကတိလိုခ်င္ပါသည္။ အေျခေနမထူးပါက မ်ားမၾကာ ဂ်ာနယ္ သတင္းစာ မ်ားေပၚသို႕ ကုန္ၾကမ္းအျဖစ္ဦးတည္ေနပါေၾကာင္း ။ )

Credit-Yan Myo Aung Facebook မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္

==========

Unicode

******လူကိုလူလိုမြင်​​ပေးပါ​လောက*****

(5-6-18-အင်္ဂါနေ့ည 8:00နာရီအချိန်တွင် မြဝတီမြို့’ မေတ္တာမွန် ရုံရှေ့’၌ မေတ္တာတရားကင်းမဲ့သော အဖြစ်ပျက်တစ်ခုကို စာရေးသူရှေ့တွင်မျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရသည်။

ဖြစ်ပုံမှာ

မေတ္တာမွန်ဆေးရုံက ဒေါက်တာတစ်ယောက်ကို လာကြိုသော ကားဟုသိရသည်။ကားနံပါတ် 6E-7541-အောက်ပုံပါကားမောင်းသူသည် ဆေးရုံရှေ့လမ်းဘေး၌ ကလေးကစားစရာ ရောင်း ဘုပေါင်းသည်နှင့် ဘယာကြော်လေးတွေ ကြော်ရောင်းသော ဟိန္ဒူလူမျိုး စျေးသည်တို့အား ‘မင်းတို့ လမ်းလွတ်အောင်ဖယ်’ဟုပြောပြီး သူ့ကားကို လမ်းဘေးသို့ချရပ်လိုက်သည်။ ဘုပေါင်းသည်က ဆေးရုံခြံစည်းရိုးတံတိုင်းထိ ကပ်ပေးကာ ဘယာကြော်ရောင်းသူ စျေးသည်က ဆေးရုံတံတိုင်းဒေါင့်လောက်ထိ ရွှေ့ပြီး နေရာဖယ်ပေးလိုက်တာတွေ့ရသည်။

အဲ့ဒီလိုဖယ်ပေးပြီးတာကို ကားမောင်းသူက ဘယာကြော်ရောင်းသော ဟိန္ဒူ လူမျိုးစျေးသည် တည့်တည့် ဆောင့်မောင်းကာတိုက်ချလိုက်သည် ။စျေးသည်တောာင် ဘေးအရှောင်မြန်၍ လွတ်သွားသည် သူရောင်းသော ဘယာကြော် စမူစာ ကော်ပြန့်ချောင်းလေးတွေပါမက ငြုပ်သီးတစ်တောင့်မကျန် လွင့်ကျဲမှောက်ကျကုန်သည်။ ကားမောင်းသူပါးစပ်ကပြောလိုက်သေးသည်။ ‘ဖယ်ဆိုတာကိုမဖယ်ဘူး နည်းတောင်နည်းသေးတယ်’ဟူ၏ ။

မြင်ကွင်းက ဆို့နင့်စရာကောင်းသည် ဘယာကြော်စျေးသည်’သည် မှောက်ကျကုန်သော သူဘယာကြော်လေးများကို တစ်ခုချင်းလိုက်ကောက်ထည့်နေသည် ဘေးမှဝိုင်းကြည့်နေသော လူများက အရော်တောင်းလေဆိုတော့ ‘ကျနော်မတောင်းရဲပါဘူးဗျာ သူတမင်တိုက်တာပဲ ပေးမှာလဲမဟုတ်ပါဘူးတဲ့’ ။

စာရေးသူက ဘယာကြော်သည်နားသွားပြီး “အကို မှောက်ကုန်တာ ဘယ်လောက်ဖိုးလောက်ရှိသလဲ မေးတော့” ငါးထောင်ဖိုးလောက်ပဲရှိပါတယ်ဟုဆို၍ ငွေ ငါးထောင်ထုတ်ပြီးသူလက်ထဲထည့်ပေးလိုက်သည် “စိတ်မကောင်းပါဘူးအကို ဒီနားဆက်ရောင်းမနေပါနဲ့ ကျတာတွေလည်း သဲတွေနဲ့ကောက်မနေပါနဲ့”လို့ပြောလိုက်တော့ ။

” ကျေးဇူးပါဗျာ ကျနော် နောက်တစ်ရက်စာစျေးရောင်းပြန်ထွက်ဖို့ အရင်းမရှိလို့ ပြန်ကောက်နေတာပါ”တဲ့ ။

စာရေးသူ ထိုမြင်ကွင်းနားဆက်မနေချင်တော့တာနဲ့ ခပ်ဝေးဝေးသို့ထွက်လာလိုက်သည် ။ဆရာဝန်ကားမကလို့ ဘာကားမောင်းမောင်း လူကိုလူလိုမြင်ပေးပါ’ဟုမေတ္တာရပ်ခံအပ်ပါသည်လောကရေ ။

အမြင်မတော်သ၍ ကျွန်ုပ်ဖုန်းကမရာအား လောကဘက်သို့အမြဲလှည့်ထားပါသည် ။ဤပိုစ့်သတင်းနှင့်ပတ်သတ်၍လည်း အပြည့်အဝတာဝန်ခံပါသည် လီဆယ်စကားမဟုတ်သလို မှတ်တမ်းလည်းမြင်သည့်အတိုင်းပါခင်ဗျာ။ အကယ်၍သက်ဆိုင်သူယဉ်မောင်းဤပိုစ့်အားမြင်တွေ့ပါက မန့်၌နောက်မဖြစ်စေရ လူစိတ်မွေးပါမည်ဟု ကတိလိုချင်ပါသည်။ အခြေနေမထူးပါက များမကြာ ဂျာနယ် သတင်းစာ များပေါ်သို့ ကုန်ကြမ်းအဖြစ်ဦးတည်နေပါကြောင်း ။ )

Credit-Yan Myo Aung Facebook မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်