MASIGNALPHA101

လိမ္စားဖို႔ျပည္တြင္းေရာက္ေနသည့္ African အုပ္စု

လိမ္စားဖို႔ျပည္တြင္းေရာက္ေနသည့္ African အုပ္စု
Monday, June 4, 2018

19 လမ္း "ေရႊမဂၤလာ"ဆိုင္မွာ ညစဥ္နီးပါးေတြ႕ေနရတဲ့ Africans လူလိမ္ေတြပါ။

မိတ္ေဆြတစ္ဦးေျပာျပသည့္ အၿငိမ္းစားရဲမႉးတစ္ေယာက္ဆီကလိမ္သြားတဲ့နည္းေလးျဖစ္ပါတယ္။

သင့္ကိုFacebook ကေန fri လုပ္ထားတဲ့ ဥေရာပတိုက္တစ္ေနရာက မိတ္ေဆြတစ္ေယာက္ရဲ႕ messenger ကေနၿပီးေတာ့ စာလာပါလိမ့္မယ္။

စာထဲမွာ သူ႔ရဲ႕ အာဖရိကတိုက္ ေရနံထြက္တဲ့ႏိုင္ငံက သူေ႒းမိတ္ေဆြတစ္ေယာက္ နဲ႔ မိတ္ဆက္ေပးပါလိမ့္မယ္၊ အဲဒီမိတ္ေဆြက သင့္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံခ်င္လို႔ စိတ္ဝင္စားရင္ဆက္သြယ္ပါလို႔ ေျပာၿပီး အဲဒီလူရဲ႕ account ကိုေပးပါလိမ့္မယ္။

ကိုယ္က စိတ္ဝင္စားၿပီးဆက္သြယ္လိုက္တာနဲ႔ အဲဒီလူက သင့္ကိုေျပာမွာက "သူတို႔ႏိုင္ငံက စီးပြားေရးလုပ္ဖို႔ ဥပေဒကတင္းက်ပ္လို႔ ေဒၚလာ (သန္း ၃၀) ေလာက္နဲ႔ ပထမဆံုးျမန္မာႏိုင္ငံမွာ လုပ္ငန္းတစ္ခု စလုပ္ၾကည့္ခ်င္တယ္၊ ေနာက္ပိုင္းေအာင္ျမင္ရင္ ေဒၚလာ ဘီလ်ံနဲ႔ခ်ီၿပီး လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ေလာဘတက္လာေအာင္ဆက္ေျပာပါလိမ့္မယ္။


သင္ကေငြအရင္းအႏွီးထည့္စရာမလိုပဲ operation လုပ္ေပးတာနဲ႔ shareholder ေပးမယ္၊ လုပ္ေပးႏိုင္မယ္ဆိုရင္ သူ႔ရဲ႕သားကို အရင္လႊတ္လိုက္ၿပီး သင့္ရဲ႕လုပ္ငန္းအေျခအေနနဲ႔ အဆက္အသြယ္ကိုလာၾကည့္မယ္၊ လံုျခံဳစိတ္ခ်ရတဲ့ပါတ္ဝန္းက်င္ျဖစ္ရင္ ေဒၚလာ (၁၀) သန္းအရင္ပို႔လိုက္မယ္"

သင္က ok 👌 ဆိုတာနဲ႔ ေနာက္တစ္ရက္မွာ သူ႔သားရန္ကုန္ေရာက္ေနၿပီ Asia Plaza Hotel မွာသြားေတြ႕ပါလို႔ ဖုန္းနံပါတ္ေပးလိမ့္မယ္၊

သင္က ဖုန္းဆက္လိုက္တာနဲ႔ (ဓါတ္ပံုထဲကအုပ္စုထဲက) လူငယ္တစ္ေယာက္က သင့္ကို ဟိုတယ္ေရွ႕ကေစာင့္ေနလိမ့္မယ္၊ သူတိုႏိုင္ငံက ျပင္သစ္ကိုလိုနီျဖစ္ခဲ့လို႔ ျပင္သစ္စကားပဲတတ္တယ္ အဂၤလိပ္လို ေျဖးေျဖးေျပာမွ နားလည္တယ္ဆိုၿပီး မေတာက္တစ္ေခါက္ေျပာလိမ့္မယ္၊


အဲဒါက သင္က ေစ့ေစ့စပ္စပ္ေမးရင္ သူကနားမလည္သလိုလုပ္ျပလိမ့္မယ္၊ သူေျပာမွာကေတာ့ သူ႔အေဖက black money ေတြ အမ်ားႀကီးရွိတယ္ သူ႔အစိုးရက ဥပေဒတင္းက်ပ္လို႔ အာရွကိုေျပာင္းၿပီး စီးပြားေရးလုပ္ဖို႔ သူ႔ကိုအရင္ေလ့လာခိုင္းလိုက္တာ သင္ကလုပ္ေပးႏိုင္လား၊ သင့္မွာသူ႔အေဖပို႔ေပးလိုက္မယ့္ေငြေတြထားဖို႔ လံုျခံဳတဲ့အိမ္ရွိသလား?

သင္က bank to bank လႊဲဖို႔ေျပာရင္ သူက black money ျဖစ္လို႔ လႊဲလို႔မရဘူူး သူ႔အေဖသူငယ္ခ်င္း diplomatic officer တစ္ေယာက္နဲ႔ ျမန္မာျပည္ကို ထည့္ေပးလိမ့္မယ္၊ သူ႔အေဖနဲ႔ ဆက္သြယ္ေမးၾကည့္ပါဆိုၿပီး ျပန္သြားလိမ့္မယ္၊

သူ႔အေဖက "သူ႔သားေျပာလို႔ သိၿပီးၿပီ ေနာက္တစ္ပါတ္က်ရင္ သူ႔မိတ္ေဆြ သံအရာရွိတစ္ေယာက္နဲ႔ ေငြေတြထည့္ေပးလိုက္မယ္၊ လံုျခံဳေအာင္ထားေပးပါ"

ေနာက္တစ္ပါတ္အၾကာမွာ သူ႔သားဆိုတဲ့သူက ဖုန္းဆက္ၿပီး သူ႔အေဖရဲ႕မိတ္ေဆြေရာက္လာၿပီ ေငြေတြပါလာတယ္၊ ကြ်န္ေတာ့ကိုအရင္လာေခၚပါ သူကခင္ဗ်ားအိမ္ကိုလာလိမ့္မယ္ လိပ္စာေပးလိုက္ပါ၊

သင္နဲ႔ သူ႔သားနဲ႔အိမ္ကေစာင့္ေနခ်ိန္မွာ သံအရာရွိဆိုသူကဖုန္းဆက္ၿပီး သူလာေနၿပီလို႔ေျပာလိမ့္မယ္ တေအာင့္အၾကာမွာ (ဓါတ္ပံုထဲက ခပ္ဝဝ တစ္ေယာက္,ကုတ္ေတြတိုင္ေတြဝတ္ၿပီး)သံအရာရွိပံုစံနဲ႔ သံရံုးကားမစီးပဲ၊ Taxi စီးၿပီးေရာက္လာလိမ့္မယ္၊

သင့္အိမ္ေရာက္တာနဲ႔ သူ႔ရဲ႕ဖုန္းထဲက video နဲ႔ US Dollars ေတြအျပည့္ထည့္ထားတဲ့ LV ေငြေသတၱာႀကီးထဲကေငြစကၠဴေတြကို မႈတ္ေဆးအမဲေတြျဖန္းၿပီး ေငြေတြကို ႐ုပ္ဖ်က္ေနတာျပလိမ့္မယ္၊


ၿပီးေတာ့မွ အဲဒီေငြေတြကို ေလဆိပ္မွာမသိေအာင္ ႐ုပ္ဖ်က္သယ္လာခဲ့တဲ့အေၾကာင္း၊ သင့္ေရွ႕မွာ ေဒၚလာတစ္ရာတန္တစ္ရြက္ကို ေဆးအမဲနဲ႔မႈတ္ျပၿပီး သူ႔မွာပါလာတဲ့ခြ်တ္ေဆးပုလင္းထဲကအရည္နဲ႔ ျပန္ခြ်တ္ျပလိမ့္မယ္၊

သင့္ဆီမွာသိမ္းထားမယ့္ အဲဒီေဒၚလာ ၁၀ သန္းကို ျပန္ခြ်တ္ဖို႔အတြက္ ခြ်တ္ေဆးဝယ္ဖို႔ ေဒၚလာ (၁၅၀၀) သင့္ဆီကေတာင္းလိမ့္မယ္ (သင္က ေဒၚလာ ၁၀ သန္းမက္ၿပီး) ေဆးဖိုး ေဒၚလာ ၁၅၀၀ (ျမန္မာေငြ သိန္း ၂၀) ေပးလိုက္တာနဲ႔ ေနာက္ေန႔သင့္အိမ္လာပို႔မယ္ဆိုၿပီး သင္ဘယ္ကိုဖုန္းဆက္ဆက္ ဖုန္းမကိုင္ေတာ့ဘူး။

ေလာဘႀကီးသူ,အေခ်ာင္လိုခ်င္သူ,ယံုလြယ္သူ,ႏိုင္ငံျခားသားအထင္ႀကီးၿပီး ဘိုလိုမေတာက္တေခါက္မႈတ္တတ္သူမ်ားကို Facebook မွာလိုက္ရွာ၍ ရန္ကုန္တြင္အုပ္စုခြဲ၍ လုပ္စားေနၾကသည့္ အာဖရိကတိုက္သားမ်ား ညဖက္ဆိုလွ်င္ ၁၉ လမ္းမွာ လူစံု၍ ေဝစုခြဲၾကပါသည္။

ေနာက္ထပ္လူမ်ားအလိမ္မခံရေစဖို႔ သတင္းႀကိဳေပးပါသည္၊

Tin Oo
3 June 2018.

==========

Unicode

19 လမ်း "ရွှေမင်္ဂလာ"ဆိုင်မှာ ညစဉ်နီးပါးတွေ့နေရတဲ့ Africans လူလိမ်တွေပါ။

မိတ်ဆွေတစ်ဦးပြောပြသည့် အငြိမ်းစားရဲမှူးတစ်ယောက်ဆီကလိမ်သွားတဲ့နည်းလေးဖြစ်ပါတယ်။

သင့်ကိုFacebook ကနေ fri လုပ်ထားတဲ့ ဥရောပတိုက်တစ်နေရာက မိတ်ဆွေတစ်ယောက်ရဲ့ messenger ကနေပြီးတော့ စာလာပါလိမ့်မယ်။

စာထဲမှာ သူ့ရဲ့ အာဖရိကတိုက် ရေနံထွက်တဲ့နိုင်ငံက သူဋ္ဌေးမိတ်ဆွေတစ်ယောက် နဲ့ မိတ်ဆက်ပေးပါလိမ့်မယ်၊ အဲဒီမိတ်ဆွေက သင့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်လို့ စိတ်ဝင်စားရင်ဆက်သွယ်ပါလို့ ပြောပြီး အဲဒီလူရဲ့ account ကိုပေးပါလိမ့်မယ်။

ကိုယ်က စိတ်ဝင်စားပြီးဆက်သွယ်လိုက်တာနဲ့ အဲဒီလူက သင့်ကိုပြောမှာက "သူတို့နိုင်ငံက စီးပွားရေးလုပ်ဖို့ ဥပဒေကတင်းကျပ်လို့ ဒေါ်လာ (သန်း ၃၀) လောက်နဲ့ ပထမဆုံးမြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခု စလုပ်ကြည့်ချင်တယ်၊ နောက်ပိုင်းအောင်မြင်ရင် ဒေါ်လာ ဘီလျံနဲ့ချီပြီး လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ လောဘတက်လာအောင်ဆက်ပြောပါလိမ့်မယ်။

သင်ကငွေအရင်းအနှီးထည့်စရာမလိုပဲ operation လုပ်ပေးတာနဲ့ shareholder ပေးမယ်၊ လုပ်ပေးနိုင်မယ်ဆိုရင် သူ့ရဲ့သားကို အရင်လွှတ်လိုက်ပြီး သင့်ရဲ့လုပ်ငန်းအခြေအနေနဲ့ အဆက်အသွယ်ကိုလာကြည့်မယ်၊ လုံခြုံစိတ်ချရတဲ့ပါတ်ဝန်းကျင်ဖြစ်ရင် ဒေါ်လာ (၁၀) သန်းအရင်ပို့လိုက်မယ်"

သင်က ok 👌 ဆိုတာနဲ့ နောက်တစ်ရက်မှာ သူ့သားရန်ကုန်ရောက်နေပြီ Asia Plaza Hotel မှာသွားတွေ့ပါလို့ ဖုန်းနံပါတ်ပေးလိမ့်မယ်၊

သင်က ဖုန်းဆက်လိုက်တာနဲ့ (ဓါတ်ပုံထဲကအုပ်စုထဲက) လူငယ်တစ်ယောက်က သင့်ကို ဟိုတယ်ရှေ့ကစောင့်နေလိမ့်မယ်၊ သူတိုနိုင်ငံက ပြင်သစ်ကိုလိုနီဖြစ်ခဲ့လို့ ပြင်သစ်စကားပဲတတ်တယ် အင်္ဂလိပ်လို ဖြေးဖြေးပြောမှ နားလည်တယ်ဆိုပြီး မတောက်တစ်ခေါက်ပြောလိမ့်မယ်၊

အဲဒါက သင်က စေ့စေ့စပ်စပ်မေးရင် သူကနားမလည်သလိုလုပ်ပြလိမ့်မယ်၊ သူပြောမှာကတော့ သူ့အဖေက black money တွေ အများကြီးရှိတယ် သူ့အစိုးရက ဥပဒေတင်းကျပ်လို့ အာရှကိုပြောင်းပြီး စီးပွားရေးလုပ်ဖို့ သူ့ကိုအရင်လေ့လာခိုင်းလိုက်တာ သင်ကလုပ်ပေးနိုင်လား၊ သင့်မှာသူ့အဖေပို့ပေးလိုက်မယ့်ငွေတွေထားဖို့ လုံခြုံတဲ့အိမ်ရှိသလား?

သင်က bank to bank လွှဲဖို့ပြောရင် သူက black money ဖြစ်လို့ လွှဲလို့မရဘူူး သူ့အဖေသူငယ်ချင်း diplomatic officer တစ်ယောက်နဲ့ မြန်မာပြည်ကို ထည့်ပေးလိမ့်မယ်၊ သူ့အဖေနဲ့ ဆက်သွယ်မေးကြည့်ပါဆိုပြီး ပြန်သွားလိမ့်မယ်၊

သူ့အဖေက "သူ့သားပြောလို့ သိပြီးပြီ နောက်တစ်ပါတ်ကျရင် သူ့မိတ်ဆွေ သံအရာရှိတစ်ယောက်နဲ့ ငွေတွေထည့်ပေးလိုက်မယ်၊ လုံခြုံအောင်ထားပေးပါ"

နောက်တစ်ပါတ်အကြာမှာ သူ့သားဆိုတဲ့သူက ဖုန်းဆက်ပြီး သူ့အဖေရဲ့မိတ်ဆွေရောက်လာပြီ ငွေတွေပါလာတယ်၊ ကျွန်တော့ကိုအရင်လာခေါ်ပါ သူကခင်ဗျားအိမ်ကိုလာလိမ့်မယ် လိပ်စာပေးလိုက်ပါ၊

သင်နဲ့ သူ့သားနဲ့အိမ်ကစောင့်နေချိန်မှာ သံအရာရှိဆိုသူကဖုန်းဆက်ပြီး သူလာနေပြီလို့ပြောလိမ့်မယ် တအောင့်အကြာမှာ (ဓါတ်ပုံထဲက ခပ်ဝဝ တစ်ယောက်,ကုတ်တွေတိုင်တွေဝတ်ပြီး)သံအရာရှိပုံစံနဲ့ သံရုံးကားမစီးပဲ၊ Taxi စီးပြီးရောက်လာလိမ့်မယ်၊

သင့်အိမ်ရောက်တာနဲ့ သူ့ရဲ့ဖုန်းထဲက video နဲ့ US Dollars တွေအပြည့်ထည့်ထားတဲ့ LV ငွေသေတ္တာကြီးထဲကငွေစက္ကူတွေကို မှုတ်ဆေးအမဲတွေဖြန်းပြီး ငွေတွေကို ရုပ်ဖျက်နေတာပြလိမ့်မယ်၊

ပြီးတော့မှ အဲဒီငွေတွေကို လေဆိပ်မှာမသိအောင် ရုပ်ဖျက်သယ်လာခဲ့တဲ့အကြောင်း၊ သင့်ရှေ့မှာ ဒေါ်လာတစ်ရာတန်တစ်ရွက်ကို ဆေးအမဲနဲ့မှုတ်ပြပြီး သူ့မှာပါလာတဲ့ချွတ်ဆေးပုလင်းထဲကအရည်နဲ့ ပြန်ချွတ်ပြလိမ့်မယ်၊

သင့်ဆီမှာသိမ်းထားမယ့် အဲဒီဒေါ်လာ ၁၀ သန်းကို ပြန်ချွတ်ဖို့အတွက် ချွတ်ဆေးဝယ်ဖို့ ဒေါ်လာ (၁၅၀၀) သင့်ဆီကတောင်းလိမ့်မယ် (သင်က ဒေါ်လာ ၁၀ သန်းမက်ပြီး) ဆေးဖိုး ဒေါ်လာ ၁၅၀၀ (မြန်မာငွေ သိန်း ၂၀) ပေးလိုက်တာနဲ့ နောက်နေ့သင့်အိမ်လာပို့မယ်ဆိုပြီး သင်ဘယ်ကိုဖုန်းဆက်ဆက် ဖုန်းမကိုင်တော့ဘူး။

လောဘကြီးသူ,အချောင်လိုချင်သူ,ယုံလွယ်သူ,နိုင်ငံခြားသားအထင်ကြီးပြီး ဘိုလိုမတောက်တခေါက်မှုတ်တတ်သူများကို Facebook မှာလိုက်ရှာ၍ ရန်ကုန်တွင်အုပ်စုခွဲ၍ လုပ်စားနေကြသည့် အာဖရိကတိုက်သားများ ညဖက်ဆိုလျှင် ၁၉ လမ်းမှာ လူစုံ၍ ဝေစုခွဲကြပါသည်။

နောက်ထပ်လူများအလိမ်မခံရစေဖို့ သတင်းကြိုပေးပါသည်၊

Tin Oo
3 June 2018.