MASIGNALPHA101

ေဟာ့ေပါ့အိုးထဲကေန ကိုယ့္လက္မကိုယ္ျဖတ္ထြက္ေျပးတဲ့ ကဏန္း အိမ္ေမြးတိရစာၦန္ျဖစ္လာ

ေဟာ့ေပါ့အိုးထဲကေန ကိုယ့္လက္မကိုယ္ျဖတ္ထြက္ေျပးတဲ့  ကဏန္း  အိမ္ေမြးတိရစာၦန္ျဖစ္လာ
Tuesday, June 5, 2018

ဇြန္ ၂ - တ႐ုတ္ႏိုင္ငံမွာ ဇြဲႀကီးတဲ့ ကဏန္း တစ္ေကာင္ဟာ ဆူပြက္ေနတဲ့ ေဟာ့ေပါ့ အိုးထဲကေန လြတ္ေျမာက္ဖို႔အတြက္ သူ႔ ရဲ႕လက္မတစ္ေခ်ာင္းကို ကိုယ္တိုင္ျဖတ္ ပစ္ၿပီး အိုးေပၚတက္လာခဲ့ပါတယ္။

သူ႔ကို စားေတာ့မယ့္ စားသုံးသူက ႐ိုက္ကူးထားတဲ့  ၁၁ စကၠန႔္စာ ဗီဒီယိုမွတ္ တမ္းကို လူမႈကြန္ရက္ ေဝဘိုေပၚမွာ တနလၤာေန႔က တင္ခဲ့ၿပီး ေဖ့စ္ဘုတ္ခ္ေပၚ မွာ ပ်ံ႕ႏွံ႔သြားကာ လူ ၆၃၅,ဝဝဝ ေက်ာ္ ၾကည့္ရႈခဲ့ၾကပါတယ္။ သည္ဗီဒီယိုမွာ အဆိုပါအခြံမာေရသတၱဝါဟာ ေဟာ့ေပါ့အိုး ေပၚ တြယ္တက္လာၿပီး သူ႔လက္မ တစ္ ေခ်ာင္းကေတာ့ အိုးထဲမွာ ရွိေနဆဲျဖစ္ပါ တယ္။ ပြက္ပြက္ဆူေနတဲ့ ခ်ဥ္စပ္အရည္ထဲ မွာ သူ႔ကို ျပဳတ္ထားတာေၾကာင့္ သူ႔ဘယ္ လက္မဟာ မလႈပ္ရွားႏိုင္ေတာ့တာျဖစ္ပါ လိမ့္မယ္။

သည္ကဏန္းဟာ ခ်ဥ္စပ္အိုးကေန လြတ္ေျမာက္ဖို႔အတြက္ မလႈပ္ရွားႏိုင္ ေတာ့တဲ့ လက္မႀကီးကို ကိုယ္တိုင္ျဖတ္ ပစ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါလိမ့္မယ္။

ေဝဘိုေပၚမွာ Jiuke လို႔ အမည္ရွိတဲ့ စားသုံးသူက သည္ကဏန္းကို အိမ္ေခၚ ေမြးစားခဲ့တယ္လို႔ ဗုဒၶဟူးေန႔က ထိုင္ဝမ္ နယူးစ္ မွာ ေရးသားထားပါတယ္။

“သူ႔ကို အိမ္ေခၚသြားၿပီး ငါးေမြးကန္ထဲမွာ ေမြးျမဴသြားမယ္”လို႔ ေျပာၾကားခဲ့ပါ တယ္။

သည္သတၱဝါေတြဟာ ေျခလက္ ျပန္ထြက္လာႏိုင္တာေၾကာင့္ လက္မတစ္ ဖက္တည္းရွိတဲ့ ကဏန္းရဲ႕က်န္းမာေရးအတြက္ စိုးရိမ္ေနသူေတြ စိုးရိမ္ဖို႔မလိုဘူး လို႔ သိရပါတယ္။

၂၀၁၄ ခုႏွစ္က ေျခေလးေခ်ာင္းနဲ႔ လက္မေတြ ဆုံးရႈံးခဲ့တဲ့ေက်ာက္ပုစြန္ႀကီး တစ္ေကာင္ရဲ႕ ေျခေခ်ာင္းေတြနဲ႔ လက္မ အားလုံး ျပန္ထြက္လာဖူးေၾကာင္း ေဒးလီး ေမးလ္မွာ ေရးသားထားပါတယ္။

Credit - Kumudra

==========


Unicode

ဇွန် ၂ - တရုတ်နိုင်ငံမှာ ဇွဲကြီးတဲ့ ကဏန်း တစ်ကောင်ဟာ ဆူပွက်နေတဲ့ ဟော့ပေါ့ အိုးထဲကနေ လွတ်မြောက်ဖို့အတွက် သူ့ ရဲ့လက်မတစ်ချောင်းကို ကိုယ်တိုင်ဖြတ် ပစ်ပြီး အိုးပေါ်တက်လာခဲ့ပါတယ်။

သူ့ကို စားတော့မယ့် စားသုံးသူက ရိုက်ကူးထားတဲ့  ၁၁ စက္ကန့်စာ ဗီဒီယိုမှတ် တမ်းကို လူမှုကွန်ရက် ဝေဘိုပေါ်မှာ တနင်္လာနေ့က တင်ခဲ့ပြီး ဖေ့စ်ဘုတ်ခ်ပေါ် မှာ ပျံ့နှံ့သွားကာ လူ ၆၃၅,ဝဝဝ ကျော် ကြည့်ရှုခဲ့ကြပါတယ်။ သည်ဗီဒီယိုမှာ အဆိုပါအခွံမာရေသတ္တဝါဟာ ဟော့ပေါ့အိုး ပေါ် တွယ်တက်လာပြီး သူ့လက်မ တစ် ချောင်းကတော့ အိုးထဲမှာ ရှိနေဆဲဖြစ်ပါ တယ်။ ပွက်ပွက်ဆူနေတဲ့ ချဉ်စပ်အရည်ထဲ မှာ သူ့ကို ပြုတ်ထားတာကြောင့် သူ့ဘယ် လက်မဟာ မလှုပ်ရှားနိုင်တော့တာဖြစ်ပါ လိမ့်မယ်။

သည်ကဏန်းဟာ ချဉ်စပ်အိုးကနေ လွတ်မြောက်ဖို့အတွက် မလှုပ်ရှားနိုင် တော့တဲ့ လက်မကြီးကို ကိုယ်တိုင်ဖြတ် ပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါလိမ့်မယ်။

ဝေဘိုပေါ်မှာ Jiuke လို့ အမည်ရှိတဲ့ စားသုံးသူက သည်ကဏန်းကို အိမ်ခေါ် မွေးစားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ထိုင်ဝမ် နယူးစ် မှာ ရေးသားထားပါတယ်။

“သူ့ကို အိမ်ခေါ်သွားပြီး ငါးမွေးကန်ထဲမှာ မွေးမြူသွားမယ်”လို့ ပြောကြားခဲ့ပါ တယ်။

သည်သတ္တဝါတွေဟာ ခြေလက် ပြန်ထွက်လာနိုင်တာကြောင့် လက်မတစ် ဖက်တည်းရှိတဲ့ ကဏန်းရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေသူတွေ စိုးရိမ်ဖို့မလိုဘူး လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်က ခြေလေးချောင်းနဲ့ လက်မတွေ ဆုံးရှုံးခဲ့တဲ့ကျောက်ပုစွန်ကြီး တစ်ကောင်ရဲ့ ခြေချောင်းတွေနဲ့ လက်မ အားလုံး ပြန်ထွက်လာဖူးကြောင်း ဒေးလီး မေးလ်မှာ ရေးသားထားပါတယ်။

Credit - Kumudra