MASIGNALPHA101

ဆိုဗီယက္ျပည္ေထာင္စု၏ တင့္ဖ်က္ေခြးမ်ား…

ဆိုဗီယက္ျပည္ေထာင္စု၏ တင့္ဖ်က္ေခြးမ်ား…
Monday, June 4, 2018

ဆိုဗီယက္ျပည္ေထာင္စု၏ တင့္ဖ်က္ေခြးမ်ား…

လိုလွ်င္ႀကံဆ နည္းလမ္းရ ဆိုတဲ႔စကားကို
လူေတြ မၾကာခဏ အသံုးျပဳတက္ၾကပါတယ္။
လူသားရဲ႕သမိုင္း၊ လူသားရဲ႕ေတြရဲ႕ယဥ္ေက်းမႈ ဆိုတာေတြကလည္း
ေခတ္အဆက္ဆက္ ႀကံဆတည္ထြင္ခဲ႔ၾကတဲ
႔ လူသားတို႔ရဲ႕ အေတြးအေခၚ၊ ဉာဏ္ပညာ စတာေတြရဲ႕
အသီးအပြင့္ေတြ လို႔ထင္ပါတယ္။
ဟုတ္ကဲ႔… အေရးေပၚ အေျခအေနေတြမွာ
လူသားဆိုတာ… ဘ၀ရပ္တည္ႏိုင္ေရး အတြက္
ႀကံမိႀကံရာ အကုန္ႀကံစည္ၾကမွာပါပဲ။
လူဆိုတာႀကံရင္းေသတယ္… ဆိုတဲ႔ စကားလည္း
ရွိတယ္မဟုတ္လား။ ဒီစကားကို ထင္ဟပ္ေစႏုိင္မယ္႔
ဥပမာေတြ အမ်ားႀကီးထဲက
ဥပမာေလးတစ္ခ်ိဳ႕ကို မွ်ေ၀ေဖာ္ျပပါရေစဗ်…။

ဒုတိယကမၻာစစ္အတြင္းက ဆိုဗီယက္ျပည္ေထာင္စုကို
ဂ်ာမန္ေတြက်ဴးေက်ာ္တဲ႔အခ်ိန္ အင္အားႀကီးမားတဲ႔ ဂ်ာမန္တင့္ေတြကို
ခုခံဖို႔ ဆိုဗီယက္တို႔ အခတ္ႀကံဳရပါတယ္။
ဒါေပမယ္႔ ဆိုဗီယက္႐ုရွားတို႔ဆိုတာလည္း
ဉာဏ္ေကာင္းသူေတြပဲမဟုတ္လား…။
ေဗာ႔ကာပုလင္းထဲမွာ ကတၱရာနဲ႔ဗင္ဇင္းေရာထည့္ထားတဲ႔
႐ုရွားတို႔ရဲ႕ နာမည္ေက်ာ္ ပုလင္းဗံုးေတြက
ဂ်ာမန္တင့္ကားေတြကို မီးဟုန္းဟုန္းေတာက္ေစခဲ႔တာ
ရာဇ၀င္တင္ေလာက္တဲ႔ တီထြင္မႈပါ…။

ဒါေပမယ္႔ လူသိနည္းတဲ႔ တည္ထြင္မႈေတြလည္း ႐ွိပါေသးတယ္။
အဲဒါကေတာ႔ တင့္ဖ်က္ေခြးေတြပါ။

တကယ္ေတာ႔ ဆိုဗီယက္ျပည္ေထာင္စုက
ေခြးေတြကိုစစ္ေရးနယ္ပယ္မွာစတင္အသံုးျပဳတာက
၁၉၂၄ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။
ေမာ္စကိုမွာ စစ္ေခြးေလ႔က်င့္ေရးေက်ာင္းတစ္ခု
စတင္ဖြင့္လွစ္ပါတယ္။ အစပိုင္းမွာ
ေက်ာင္းအတြက္ေလ႔က်င့္ေရးဆရာခန္႔ဖို႔
ရဲေခြးေလ႔က်င့္ေရးေက်ာင္းကဆရာေတြ၊
အမဲလိုက္မုဆိုးေတြ၊ ဆပ္ကပ္ေတြက
တိရိစၦာန္ေလ႔က်င့္ေရးဆရာေတြ၊ တိရိစၦာန္ဆိုင္ရာ
သိပၸံပညာရွင္ေတြ ကိုစုေဆာင္းပါတယ္။

ေနာက္ပိုင္းမွာေတာ႔ ႏိုင္ငံအႏွံ႔
စစ္ေခြးေလ႔က်င့္ေရးေက်ာင္း ၁၂ေက်ာင္းေက်ာ္
ဆက္တိုက္ဖြင့္ လွစ္ခဲ႔ပါေတာ႔တယ္။
စစ္ေခြးေလ႔က်င့္ေရးတပ္မႀကီးကိုလည္း
စနစ္တက် စတင္ဖြဲ႕စည္းခဲ႔ပါတယ္။

မူလရည္ရြယ္ခ်က္ကေတာ႔ ေခြးေတြကို
ေထာက္ပံ႔ေရးပစၥည္းသယ္ေဆာင္ရန္၊ မိုင္းရွာရန္၊
ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ သံုးရန္ျဖစ္ပါတယ္။

၁၉၃၀ျပည့္လြန္ႏွစ္မ်ားမွာေတာ႔ ဆိုဗီယက္ျပည္ေထာင္စုက
ေခြးေတြဟာ တင့္ဖ်က္လက္နက္ အျဖစ္သံုးရန္
အေကာင္းဆံုးနဲ႔အသင့္ေလ်ာ္ဆံုး တိရိစၦာန္ေတြအျဖစ္
ဆံုးျဖတ္ခဲ႔ပါတယ္။ ဒီရည္ရြယ္ခ်က္ အတြက္
ေလ႔က်င့္ေရးေက်ာင္း ၃ေက်ာင္း ကိုလည္းတိုးခ်ဲ႕တည္ေထာင္ခဲ႔ပါတယ္။

ေလ႔က်င့္ေပးပံုကေတာ႔ေခြးေတြကို ပထမအဆင့္
အစာမေကၽြးပဲထားပါတယ္။ ေနာက္…
အစာေတြကိုတင့္ကားေတြရဲ႕
၀မ္းဗိုက္ေအာက္မွာထားၿပီး
ေခြးေတြရွာေတြ႕ေအာင္လမ္းဖြင့္ ေပးပါတယ္။
ဆာေလာင္ေနတဲ႔ေခြးေတြဟာ တင့္ကားေအာက္က
အစာဆီကို အငမ္းမရေျပး ၿပီးစားပါတယ္။
အဲဒီအခ်ိန္မွာပဲ ေခြးေတြအေလ႔အက်င့္ျဖစ္ေအာင္ ေသနတ္သံ၊
ဗံုးသံ စတဲ႔ တိုက္ပြဲသံေတြ ေပးပါတယ္။
ေနာက္တစ္ခုက ေခြးေတြတင့္ကားေအာက္ရာက္တဲ႔အခါ
ခါးပတ္နဲ႔တြဲခ်ည္ထားတဲ႔ ဗံုးကိုခ်ဖို႔အတြက္ ႏႈတ္သီးနားမွာ
ထုတ္ေပးထားတဲ႔ႀကိဳးစကို ေခြးကသူ႔သြားနဲ႔ ဆြဲျဖည္ရမွာပါ။

ေလ႔က်င့္ထားတဲ႔အတိုင္း ေခြးေတြတင့္ကားေအာက္ဗံုးခ်ၿပီးခ်ိန္မွာ
တင့္ဖ်က္တပ္ဖြဲက အေ၀းထိန္းစနစ္နဲ႔ဗံုးေတြကိုေဖာက္ခြဲမွာပါ။
ေနာက္ေဖာက္ခြဲနည္းတစ္ခုကေတာ႔ တင့္ကားေအာက္ ေရာက္ခ်ိန္ကို ခ်ိန္ကိုက္စနစ္နဲ႔ေဖာက္ခြဲျခင္းပဲျဖစ္ပါတယ္။

ဒီနည္းလမ္းေတြဟာ အလုပ္ေတာ႔သိပ္မျဖစ္ခဲ႔ပါဘူး။
ေခြးကိုဗံုးခ်ဖို႔သင္ၾကားေပးရတာ ႐ႈတ္ေထြးသလို
တစ္ခါတစ္ရံ ေခြးကဗံုးကိုမခ်ပဲ ဒီတိုင္းျပန္ေျပးလာတက္ပါတယ္။
အဲဒီမွာ တင့္ဖ်က္တပ္ဖြဲ႕အတြက္ အႏၱရာယ္ရွိလာပါတယ္။
တကယ္လို႔ ဗံုးကို တင့္ကားေအာက္မွာခ်ခဲ႔ရင္ေတာင္မွာ
ေရြ႕လ်ားေနတဲ႔တင့္ကားႏွင့္ ခ်ိန္ကိုက္ေဖာက္ခြဲဖို႔မလြယ္လွပါဘူး။
အေ၀းထိန္းစနစ္နဲ႔ ေဖာက္ခြဲဖို႔ကလည္း
အဲဒီေခတ္အေျခအေနအရ ထုတ္လုပ္မႈကုန္က်စရိတ္ အလြန္ျမင့္မားေနပါတယ္။

ဒါေၾကာင့္…ဆိုဗီယက္ေတြဟာ အႀကံအသစ္တစ္မ်ိဳးႀကံစည္ပါေတာ႔တယ္။
အဲဒါကေတာ႔ ေခြးေတြတင့္ကားေအာက္ေရာက္တဲ႔အခ်ိန္မွာ
ေခြးေရာ တင့္ကားပါ ေဖာက္ခြဲမယ္႔နည္းပါ။
အဲဒီအတြက္ ေခြးရဲ႕ကိုယ္မွာ ၁၀-၁၂ကီလိုဂရမ္
ရွိတဲ႔တင့္ဖ်က္မိုင္းေတြ တြဲကပ္ထားပါတယ္။
စနက္တံကို ၂၀ စင္တီမီတာ ရွည္တဲ႔သစ္သားေခ်ာင္းနဲ႔တြဲကာ
ေခြးရဲ႕ေက်ာေပၚမွာေထာင္ထားပါတယ္

ေခြးက တင့္ကားရဲ႕ေအာက္ကို ေျပး၀င္သြားတဲ႔အခါ
စနက္တံနဲ႔တြဲထားတဲ႔ သစ္သားေခ်ာင္းခလုတ္ဟာ
တင့္ကား၀မ္းဗိုက္နဲ႔ထိၿပီး ဗံုးကိုအသက္၀င္ ေပါက္ကြဲေစမွာပါ။
ေခြးေရာတင့္ကားပါ ဆုတ္ၿဖဲေပါက္ကြဲမယ္႔နည္းပါပဲ။
ေအာက္ဖက္မွာေတာ႔ ဒီနည္းလမ္းအတြက္ သံုး
တဲ႔ တင့္ဖ်က္ေခြးရဲ႕ပံုကို ေဖာ္ျပေပးထားပါတယ္။


ဒီနည္းလမ္းကလည္းထိေရာက္မႈ ထင္သေလာက္မေကာင္းခဲ႔ပါဘူး။
အေတြ႕အႀကံဳမ်ားလာတဲ႔အခါ ဂ်ာမန္တင့္ေတြ႕ရဲ႕
ေသနတ္သမားေတြက ေခြးေတြကို ခ်ိန္တြယ္ၿပီးထိမွန္ေအာင္
ပစ္ခတ္ပါတယ္။ ေျခာက္လွန္႔လည္းပဲ ပစ္ခတ္ပါတယ္။
ထိတ္လန္႔ေနတဲ႔ ေခြးေတြဟာ
သူတို႔သခင္ဆီအတင္း ျပန္ေျပးတက္ပါတယ္။

တစ္ခါတစ္ရံ အဲလိုကေမာက္ျဖစ္စဥ္ေတြမွာ
ေခြးေတြရဲ႕ကိုယ္ေပၚက ဗံုးေတြေပါက္ကြဲၿပီး
တင့္ဖ်က္တပ္ဖြဲေတြ ဒုကၡေရာက္တက္ပါတယ္။
ေနာက္ထပ္ျပႆနာႀကီးတစ္ရပ္ကေတာ႔
ဆိုဗီယက္နဲ႔ ဂ်ာမန္တင့္ေတြရဲ႕ မတူညီတဲ႔ ေလာင္စာဆီနံ႔ပါ။
တစ္ခ်ိဳ႕ေခြးေတြဟာ ေလာင္စာနံ႔ကို မွတ္မိေနတဲ႔အတြက္
ဂ်ာမန္တင့္ေတြေအာက္မေျပးပဲ၊ အစာေတြ႕ေနက်
ဆိုဗီယက္တင့္ေတြေအာက္ကို ျပန္ေျပးလို႔
အလဲလဲအကြဲကြဲ ပြဲပ်က္ခဲ႔ရတာေတြ မနည္းပါဘူး။

ျပင္းျပင္းထန္ထန္ေလ႔က်င့္ထားတဲ႔ေခြးအခ်ိဳ႕ကေတာ႔
ဂ်ာမန္တင့္ကားေတြကို ေအာင္ေအာင္ျမင္ျမင္ ေဖာက္ခြဲႏိုင္ခဲ႔ပါတယ္။
Battle of Kursk မွာ တင့္ဖ်က္ေခြး ၁၆ေကာင္က
ဂ်ာမန္တင့္ ၁၂စီးကို ဖ်က္ဆီးႏိုင္ခဲ႔ပါတယ္။
ဆိုဗီယက္တို႔ အဆိုအရေတာ႔ တင့္ဖ်က္ေခြးေတြ
အသံုးျပဳကာ ဖ်က္ဆီးႏိုင္ခဲ႔တဲ႔ ဂ်ာမန္တင့္ကား ၃၀၀ ေက်ာ္ရွိတယ္လို႔သိရပါတယ္။

တင့္ဖ်က္ေခြးေတြကို ဒုတိယကမၻာစစ္အတြင္း
၁၉၄၁ခုႏွစ္မွစတင္ကာ ဂ်ာမန္တို႔ရဲ႕ က်ဴးေက်ာ္မႈကို
တြန္းလွန္ေသာ ခုခံေရးစစ္ပြဲေတြမွာ တြင္တြင္က်ယ္က်ယ္အသံုးျပဳခဲ႔ပါတယ္။ ေအာင္ျမင္မႈနည္းေသာ္လည္း တင့္ဖ်က္ေခြးေတြကို ဆိုဗီယက္တို႔ ၁၉၉၆ ခုႏွစ္အထိေလ႔က်င့္အသံုးျပဳေနဆဲျဖစ္ပါတယ္။

လူသားတို႔ရဲ႕ ႀကံမိႀကံရာ တည္ထြင္ႀကံဆမႈေတြထဲကတစ္ခုျဖစ္တဲ
႔ တင့္ဖ်က္ေခြးေတြရဲ႕အေၾကာင္းကို
ေလ႔လာမိသမွ် မွ်ေ၀လိုက္ရပါတယ္ခင္ဗ်ာ…။

#4Zin (Kyat MouK) [Contributor]

==========

Unicode

ဆိုဗီယက်ပြည်ထောင်စု၏ တင့်ဖျက်ခွေးများ…

လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတဲ့စကားကို
လူတွေ မကြာခဏ အသုံးပြုတက်ကြပါတယ်။
လူသားရဲ့သမိုင်း၊ လူသားရဲ့တွေရဲ့ယဉ်ကျေးမှု ဆိုတာတွေကလည်း
ခေတ်အဆက်ဆက် ကြံဆတည်ထွင်ခဲ့ကြတဲ
့ လူသားတို့ရဲ့ အတွေးအခေါ်၊ ဉာဏ်ပညာ စတာတွေရဲ့
အသီးအပွင့်တွေ လို့ထင်ပါတယ်။
ဟုတ်ကဲ့… အရေးပေါ် အခြေအနေတွေမှာ
လူသားဆိုတာ… ဘဝရပ်တည်နိုင်ရေး အတွက်
ကြံမိကြံရာ အကုန်ကြံစည်ကြမှာပါပဲ။
လူဆိုတာကြံရင်းသေတယ်… ဆိုတဲ့ စကားလည်း
ရှိတယ်မဟုတ်လား။ ဒီစကားကို ထင်ဟပ်စေနိုင်မယ့်
ဥပမာတွေ အများကြီးထဲက
ဥပမာလေးတစ်ချို့ကို မျှဝေဖော်ပြပါရစေဗျ…။

ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်ပြည်ထောင်စုကို
ဂျာမန်တွေကျူးကျော်တဲ့အချိန် အင်အားကြီးမားတဲ့ ဂျာမန်တင့်တွေကို
ခုခံဖို့ ဆိုဗီယက်တို့ အခတ်ကြုံရပါတယ်။
ဒါပေမယ့် ဆိုဗီယက်ရုရှားတို့ဆိုတာလည်း
ဉာဏ်ကောင်းသူတွေပဲမဟုတ်လား…။
ဗော့ကာပုလင်းထဲမှာ ကတ္တရာနဲ့ဗင်ဇင်းရောထည့်ထားတဲ့
ရုရှားတို့ရဲ့ နာမည်ကျော် ပုလင်းဗုံးတွေက
ဂျာမန်တင့်ကားတွေကို မီးဟုန်းဟုန်းတောက်စေခဲ့တာ
ရာဇဝင်တင်လောက်တဲ့ တီထွင်မှုပါ…။

ဒါပေမယ့် လူသိနည်းတဲ့ တည်ထွင်မှုတွေလည်း ရှိပါသေးတယ်။
အဲဒါကတော့ တင့်ဖျက်ခွေးတွေပါ။

တကယ်တော့ ဆိုဗီယက်ပြည်ထောင်စုက
ခွေးတွေကိုစစ်ရေးနယ်ပယ်မှာစတင်အသုံးပြုတာက
၁၉၂၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
မော်စကိုမှာ စစ်ခွေးလေ့ကျင့်ရေးကျောင်းတစ်ခု
စတင်ဖွင့်လှစ်ပါတယ်။ အစပိုင်းမှာ
ကျောင်းအတွက်လေ့ကျင့်ရေးဆရာခန့်ဖို့
ရဲခွေးလေ့ကျင့်ရေးကျောင်းကဆရာတွေ၊
အမဲလိုက်မုဆိုးတွေ၊ ဆပ်ကပ်တွေက
တိရိစ္ဆာန်လေ့ကျင့်ရေးဆရာတွေ၊ တိရိစ္ဆာန်ဆိုင်ရာ
သိပ္ပံပညာရှင်တွေ ကိုစုဆောင်းပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံအနှံ့
စစ်ခွေးလေ့ကျင့်ရေးကျောင်း ၁၂ကျောင်းကျော်
ဆက်တိုက်ဖွင့် လှစ်ခဲ့ပါတော့တယ်။
စစ်ခွေးလေ့ကျင့်ရေးတပ်မကြီးကိုလည်း
စနစ်တကျ စတင်ဖွဲ့စည်းခဲ့ပါတယ်။

မူလရည်ရွယ်ချက်ကတော့ ခွေးတွေကို
ထောက်ပံ့ရေးပစ္စည်းသယ်ဆောင်ရန်၊ မိုင်းရှာရန်၊
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးရန်ဖြစ်ပါတယ်။

၁၉၃၀ပြည့်လွန်နှစ်များမှာတော့ ဆိုဗီယက်ပြည်ထောင်စုက
ခွေးတွေဟာ တင့်ဖျက်လက်နက် အဖြစ်သုံးရန်
အကောင်းဆုံးနဲ့အသင့်လျော်ဆုံး တိရိစ္ဆာန်တွေအဖြစ်
ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရည်ရွယ်ချက် အတွက်
လေ့ကျင့်ရေးကျောင်း ၃ကျောင်း ကိုလည်းတိုးချဲ့တည်ထောင်ခဲ့ပါတယ်။

လေ့ကျင့်ပေးပုံကတော့ခွေးတွေကို ပထမအဆင့်
အစာမကျွေးပဲထားပါတယ်။ နောက်…
အစာတွေကိုတင့်ကားတွေရဲ့
ဝမ်းဗိုက်အောက်မှာထားပြီး
ခွေးတွေရှာတွေ့အောင်လမ်းဖွင့် ပေးပါတယ်။
ဆာလောင်နေတဲ့ခွေးတွေဟာ တင့်ကားအောက်က
အစာဆီကို အငမ်းမရပြေး ပြီးစားပါတယ်။
အဲဒီအချိန်မှာပဲ ခွေးတွေအလေ့အကျင့်ဖြစ်အောင် သေနတ်သံ၊
ဗုံးသံ စတဲ့ တိုက်ပွဲသံတွေ ပေးပါတယ်။
နောက်တစ်ခုက ခွေးတွေတင့်ကားအောက်ရာက်တဲ့အခါ
ခါးပတ်နဲ့တွဲချည်ထားတဲ့ ဗုံးကိုချဖို့အတွက် နှုတ်သီးနားမှာ
ထုတ်ပေးထားတဲ့ကြိုးစကို ခွေးကသူ့သွားနဲ့ ဆွဲဖြည်ရမှာပါ။

လေ့ကျင့်ထားတဲ့အတိုင်း ခွေးတွေတင့်ကားအောက်ဗုံးချပြီးချိန်မှာ
တင့်ဖျက်တပ်ဖွဲက အဝေးထိန်းစနစ်နဲ့ဗုံးတွေကိုဖောက်ခွဲမှာပါ။
နောက်ဖောက်ခွဲနည်းတစ်ခုကတော့ တင့်ကားအောက် ရောက်ချိန်ကို ချိန်ကိုက်စနစ်နဲ့ဖောက်ခွဲခြင်းပဲဖြစ်ပါတယ်။

ဒီနည်းလမ်းတွေဟာ အလုပ်တော့သိပ်မဖြစ်ခဲ့ပါဘူး။
ခွေးကိုဗုံးချဖို့သင်ကြားပေးရတာ ရှုတ်ထွေးသလို
တစ်ခါတစ်ရံ ခွေးကဗုံးကိုမချပဲ ဒီတိုင်းပြန်ပြေးလာတက်ပါတယ်။
အဲဒီမှာ တင့်ဖျက်တပ်ဖွဲ့အတွက် အန္တရာယ်ရှိလာပါတယ်။
တကယ်လို့ ဗုံးကို တင့်ကားအောက်မှာချခဲ့ရင်တောင်မှာ
ရွေ့လျားနေတဲ့တင့်ကားနှင့် ချိန်ကိုက်ဖောက်ခွဲဖို့မလွယ်လှပါဘူး။
အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲဖို့ကလည်း
အဲဒီခေတ်အခြေအနေအရ ထုတ်လုပ်မှုကုန်ကျစရိတ် အလွန်မြင့်မားနေပါတယ်။

ဒါကြောင့်…ဆိုဗီယက်တွေဟာ အကြံအသစ်တစ်မျိုးကြံစည်ပါတော့တယ်။
အဲဒါကတော့ ခွေးတွေတင့်ကားအောက်ရောက်တဲ့အချိန်မှာ
ခွေးရော တင့်ကားပါ ဖောက်ခွဲမယ့်နည်းပါ။
အဲဒီအတွက် ခွေးရဲ့ကိုယ်မှာ ၁၀-၁၂ကီလိုဂရမ်
ရှိတဲ့တင့်ဖျက်မိုင်းတွေ တွဲကပ်ထားပါတယ်။
စနက်တံကို ၂၀ စင်တီမီတာ ရှည်တဲ့သစ်သားချောင်းနဲ့တွဲကာ
ခွေးရဲ့ကျောပေါ်မှာထောင်ထားပါတယ်

ခွေးက တင့်ကားရဲ့အောက်ကို ပြေးဝင်သွားတဲ့အခါ
စနက်တံနဲ့တွဲထားတဲ့ သစ်သားချောင်းခလုတ်ဟာ
တင့်ကားဝမ်းဗိုက်နဲ့ထိပြီး ဗုံးကိုအသက်ဝင် ပေါက်ကွဲစေမှာပါ။
ခွေးရောတင့်ကားပါ ဆုတ်ဖြဲပေါက်ကွဲမယ့်နည်းပါပဲ။
အောက်ဖက်မှာတော့ ဒီနည်းလမ်းအတွက် သုံး
တဲ့ တင့်ဖျက်ခွေးရဲ့ပုံကို ဖော်ပြပေးထားပါတယ်။

ဒီနည်းလမ်းကလည်းထိရောက်မှု ထင်သလောက်မကောင်းခဲ့ပါဘူး။
အတွေ့အကြုံများလာတဲ့အခါ ဂျာမန်တင့်တွေ့ရဲ့
သေနတ်သမားတွေက ခွေးတွေကို ချိန်တွယ်ပြီးထိမှန်အောင်
ပစ်ခတ်ပါတယ်။ ခြောက်လှန့်လည်းပဲ ပစ်ခတ်ပါတယ်။
ထိတ်လန့်နေတဲ့ ခွေးတွေဟာ
သူတို့သခင်ဆီအတင်း ပြန်ပြေးတက်ပါတယ်။

တစ်ခါတစ်ရံ အဲလိုကမောက်ဖြစ်စဉ်တွေမှာ
ခွေးတွေရဲ့ကိုယ်ပေါ်က ဗုံးတွေပေါက်ကွဲပြီး
တင့်ဖျက်တပ်ဖွဲတွေ ဒုက္ခရောက်တက်ပါတယ်။
နောက်ထပ်ပြဿနာကြီးတစ်ရပ်ကတော့
ဆိုဗီယက်နဲ့ ဂျာမန်တင့်တွေရဲ့ မတူညီတဲ့ လောင်စာဆီနံ့ပါ။
တစ်ချို့ခွေးတွေဟာ လောင်စာနံ့ကို မှတ်မိနေတဲ့အတွက်
ဂျာမန်တင့်တွေအောက်မပြေးပဲ၊ အစာတွေ့နေကျ
ဆိုဗီယက်တင့်တွေအောက်ကို ပြန်ပြေးလို့
အလဲလဲအကွဲကွဲ ပွဲပျက်ခဲ့ရတာတွေ မနည်းပါဘူး။

ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့ခွေးအချို့ကတော့
ဂျာမန်တင့်ကားတွေကို အောင်အောင်မြင်မြင် ဖောက်ခွဲနိုင်ခဲ့ပါတယ်။
Battle of Kursk မှာ တင့်ဖျက်ခွေး ၁၆ကောင်က
ဂျာမန်တင့် ၁၂စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ဆိုဗီယက်တို့ အဆိုအရတော့ တင့်ဖျက်ခွေးတွေ
အသုံးပြုကာ ဖျက်ဆီးနိုင်ခဲ့တဲ့ ဂျာမန်တင့်ကား ၃၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

တင့်ဖျက်ခွေးတွေကို ဒုတိယကမ္ဘာစစ်အတွင်း
၁၉၄၁ခုနှစ်မှစတင်ကာ ဂျာမန်တို့ရဲ့ ကျူးကျော်မှုကို
တွန်းလှန်သော ခုခံရေးစစ်ပွဲတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပါတယ်။ အောင်မြင်မှုနည်းသော်လည်း တင့်ဖျက်ခွေးတွေကို ဆိုဗီယက်တို့ ၁၉၉၆ ခုနှစ်အထိလေ့ကျင့်အသုံးပြုနေဆဲဖြစ်ပါတယ်။

လူသားတို့ရဲ့ ကြံမိကြံရာ တည်ထွင်ကြံဆမှုတွေထဲကတစ်ခုဖြစ်တဲ
့ တင့်ဖျက်ခွေးတွေရဲ့အကြောင်းကို
လေ့လာမိသမျှ မျှဝေလိုက်ရပါတယ်ခင်ဗျာ…။

#4Zin (Kyat MouK) [Contributor]