MASIGNALPHA101


Monday, May 14, 2018

============================================================================
မကွေး၊ မေ ၁၂





ZZ

#democracytoday

==========


Unicode

ဆရာ၊ ဆရာမများ ကျူရှင် သင်ကြားနေကြောင်း ပေါ်ပေါက်ပါက အပြစ်ပေး အရေးယူသွားမည်ဟု တိုင်းလူမှုရေး ဝန်ကြီးပြောကြား
============================================================================
မကွေး၊ မေ ၁၂

ကျူရှင်သင်ကြားနေသည့် ဆရာ၊ ဆရာမများရှိ ကြောင်း တိုင်ကြားမှုများရှိလာလျှင် စစ်ဆေးပြီး ကျူရှင်သင်ကြား နေကြောင်း စစ်ဆေးပေါ်ပေါက်ပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောသည်။

မေ ၁၁ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးလူမှု ရေးဝန်ကြီးရုံးတွင် မီဒီယာသတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်း အစိုးရဝန်ထမ်းဆရာ၊ ဆရာမများ ကျူရှင်မသင်ကြားရန် ပညာရေးဌာနမှ အဆင့်ဆင့်ညွှန် ကြားမှုများထုတ်ထားကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။


''အစိုးရဝန်ထမ်းဆရာ၊ ဆရာမတွေကျူရှင်မသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးဌာနအဆင့်ဆင့်ကို ညွှန်ကြားထားတာ ရှိတယ်။ ဆရာ၊ ဆရာမတွေကလည်း မသင်ကြားပါဘူးဆိုပြီး ခံဝန်ကတိလက်မှတ်တွေထိုးထားတာရှိတယ်။ ဆရာ၊ ဆရာမတွေကျူရှင်သင်ကြားနေတယ်ဆိုပြီး တိုင်တန်းလာရင် တော့ ကျူရှင်သင်ကြားမှုရှိ၊ မရှိဆိုတာကို စစ်ဆေးမယ်။ စစ်ဆေး ပေါ်ပေါက်ရင်တော့ အပြစ်ပေးအရေးယူမှုတွေဆောင်ရွက်သွားမှာပါ''ဟု ၎င်းကပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ်က ကျူရှင်သင် ကြားနေကြောင်း တိုင်ကြားမှုကြောင့် ဆရာမသုံးဦးအား သတိ ပေးခြင်း၊ နယ်ပြောင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ZZ

#democracytoday