MASIGNALPHA101

ဗီယက္နမ္စစ္ေျမျပင္မွ ေၾကာက္မက္ဖြယ္အေကာင္းဆုံး စႏုိက္ပါသမား သုိ႔မဟုတ္ ငွက္ေတာင္ျဖဴ

ဗီယက္နမ္စစ္ေျမျပင္မွ ေၾကာက္မက္ဖြယ္အေကာင္းဆုံး စႏုိက္ပါသမား သုိ႔မဟုတ္ ငွက္ေတာင္ျဖဴ
Thursday, June 7, 2018

သာမန္ပစ္မွတ္ေတြထက္ ရန္သူစႏုိက္ပါသမားေတြကုိ ပစ္မွတ္ထားၿပီး လုပ္ၾကံတတ္သူ sniper killer တစ္ေယာက္

ေျမာက္ဗီယက္နမ္ဗုိလ္ခ်ဳပ္ကုိ လုပ္ၾကံဖုိ႔ ယုံၾကည္စြာ တာ၀န္ေပးအပ္ခံရသူ

ေျမာက္ဗီယက္နမ္က အေသရရအရွင္ရရဆုိၿပီး ဆုေငြထုတ္ခံရတဲ႔ US စႏုိက္ပါသမားထဲမွာ မၾကံဳစဖူး အျမင့္ဆုံးဆုေငြထုတ္ျပန္ျခင္းခံရသူ

ေျမာက္ဗီယက္နမ္က ေျမြေဟာက္လုိ႔ နာမည္၀ွက္ေပးထားတဲ႔ သူတုိ႔ရဲ႕ အေတာ္ဆုံး စႏုိက္ပါသမားကုိ ေစလႊတ္ၿပီး ကိစၥတုံးပစ္ရန္ ႀကိဳးစားျခင္းခံရသူ

သူကေတာ႔ အေမရိကန္မရိန္းတပ္ရဲ႕ သူရဲေကာင္းစႏုိက္ပါသမား ကားလုိ႔စ္ဟက္သ္ေကာ႔ခ္ Carlos Hathcock


***************************
အေမရိကန္တြင္ အရပ္သားျပည္သူမ်ား ေသနတ္ကုိင္ေဆာင္ခြင့္ ရွိသည္ျဖစ္ရာ ကားလုိ႔စ္မိသားစုသည္လည္း လုိင္စင္ႏွင့္ ေသနတ္ ကုိင္ေဆာင္ေသာ မိသားစုျဖစ္ၿပီး ကားလုိ႔စ္မွာ ငယ္စဥ္ကေလး ဘ၀ကပင္ ေသနတ္ႏွင့္ ရင္းႏွီးမႈရွိၿပီး ကေလးအရြယ္ႏွင့္ မလုိက္ဖက္ေအာင္ပင္ ေသနတ္မ်ားကုိ ကၽြမ္းက်င္ပုိင္ႏုိင္စြာ ပစ္ခတ္ႏုိင္ေလသည္။

သူ႔မိဘမ်ား ကြဲကြာၾကေသာအခါ အဘြားျဖစ္သူႏွင့္ ဆင္းရဲႏြမ္းပါးစြာ အတူေနထုိင္ခဲ႔ရသည္။ ထုိျဖစ္ရပ္သည္ စႏုိက္ပါေကာင္း တစ္ဦးျဖစ္လာရန္ သူ႔အတြက္ အေၾကာင္းဖန္လာခဲ႔သည္။ အဘြားႏွင့္ အတူ ဆင္းရဲၾကပ္တည္းစြာေနထိုင္ရၿပီး စားစရာ ပုံမွန္မ၀ယ္ႏုိင္သျဖင့္ ေသနတ္တစ္လက္ျဖင့္ အာကင္ေဆာျပည္နယ္ ေတာေတာင္မ်ားထဲတြင္ တစ္ကုိယ္ေတာ္ လွည့္လည္ကာ အမဲလုိက္ခဲ႔ရသည္။ ထုိ႔ေၾကာင့္ ငယ္စဥ္ကပင္ ေတာေတာင္မ်ားထဲတြင္ ကၽြမ္းက်င္စြာ သြားလာလႈပ္ရွားျခင္း သားေကာင္ ေျခရာခံျခင္း တိတ္တဆိတ္ ခ်ည္းကပ္ျခင္း စသည့္ ပညာရပ္မ်ားကုိ အထူးကၽြမ္းက်င္လာခဲ႔သည္။ ထိုအခ်ိန္တြင္ သူ႔အသက္မွာ ၁၄ ႏွစ္ခန္႔သာရွိေသးသည္

ကားလုိ႔စ္သည္ အသက္ ၁၇ ႏွစ္ျပည့္သည္ႏွင့္ မရိန္းတပ္ဖြဲ႕ သင္တန္း ေက်ာင္းသုိ႔ တက္ေရာက္ေလသည္။ ထုိ႔ေနာက္ နာမည္ေက်ာ္ ၀င္ဘယ္ဒန္ဖလားေသနတ္ပစ္ ခ်န္ပီယံၿပိဳင္ပြဲသုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ရာ ခ်န္ပီယံဆုဖလားအား သိမ္းပုိက္ႏုိင္ခဲ႔သည္။ ၄င္းမွာ ေမာ္ၾကြားသူ မဟုတ္ဘဲ သုိသုိသိပ္သိပ္ ဘာသိဘာသာ ေနတတ္သူျဖစ္ရာ သူ႔အရည္အခ်င္းမွာ တိမ္ျမဳပ္သြားၿပီး သူ႔အား သာမန္မရိန္းတပ္ဖြဲ႕ဝင္အျဖစ္သာ သိၾကေလသည္။ ဗီယက္နမ္စစ္ ျဖစ္ပြားေသာအခါ ဗီယက္နမ္သုိ႔ ေစလႊတ္ျခင္း ခံရေသာ္လည္း စစ္ရဲ military policeman အျဖစ္သာ တာ၀န္ေပးခံရသည္။


သုိ႔ေသာ္ သူ႔ဘ၀အတြက္ အလွည့္အေျပာင္းတစ္ခု ေရာက္ရွိလာခဲ႔သည္။ ဗုိလ္ႀကီးအပ္ဒြပ္ဂ်ိမ္းလန္းသည္ သူ၏ အရည္အခ်င္းကုိ သတိျပဳမိသြားၿပီး စႏိုက္ပါ တစ္ေယာက္အျဖစ္ ေျပာင္းလဲတာ၀န္ ထမ္းေဆာင္ေစခဲ႔သည္ ထုိအခ်ိန္မွ စၿပီး ဗီယက္ေကာင္းတုိ႔ကုိ ဆက္တုိက္ ဇီ၀ိန္ခ်ဳပ္ေစမည့္ ငွက္ေတာင္ျဖဴ အမည္ရ တေစၦတစ္ေကာင္ ေပၚေပါက္ လာခဲ႔သည္ သူသည္ ရန္သူစႏုိက္ပါမ်ားကုိ စိန္ေခၚသည့္ အေနျဖင့္ ေတာေဆာင္းဦးထုပ္တြင္ ငွက္ေတာင္ျဖဴ တစ္ေခ်ာင္း ထုိးစုိက္ထားေလ႔ ရွိသျဖင့္ White Feather (ငွက္ေတာင္ျဖဴ)ဟု အမည္တြင္ျခင္း ျဖစ္သည္

သူ၏ အဓိကပစ္မွတ္မ်ားမွာ မရိန္းတပ္ဖြဲ႕မ်ားကုိ ဇီ၀န္ေခၽြေနေသာ ဗီယက္နမ္စႏုိက္ပါသမားမ်ား ျဖစ္ၾကသည္။ စႏုိက္ပါ တစ္ဦးအေနျဖင့္ သာမန္စစ္သည္မ်ားအား ပစ္ခတ္ရာတြင္ အခက္အခဲ နည္းပါးေသာ္လည္း စႏုိက္ပါခ်င္း ပစ္ခတ္ရာတြင္မူ ေျမြေျမြခ်င္း ေျချမင္ဆုိသကဲ႔သုိ႕ အလြန္ခက္ခဲေလသည္။ ကားလုိ႔စ္သည္ ထုိကဲ႔သုိ႔ ခက္ခဲေသာ ပစ္မွတ္မ်ားကုိမွ သေဘာက်သူ ျဖစ္ေလသည္

ဗီယက္နမ္စစ္ပြဲတြင္ ကားလုိ႔စ္သည္ comfirmed kill ၉၃ ခု ရရွိခဲ႔သည္ confirmed kill ဆုိသည္မွာ အထက္မွ တရား၀င္အတည္ျပဳထားေသာ အေရအတြက္သာ ျဖစ္ၿပီး ၄င္းတကယ္ ပစ္သတ္ခဲ႔သည့္ ရန္သူဦးေရမွာ Actual kill မွာ ၃၀၀ ႏွင့္ ၄၀၀ ၾကားရွိသည္ဟုဆုိသည္
ဗီယက္နမ္စစ္ပြဲတြင္ အထက္မွ တရား၀င္အတည္ျပဳထားေသာ confirmed kill ရရွိရန္မွာ အလြန္ခက္ခဲေသာ ကိစၥျဖစ္ခဲ႔သည္ ရန္သူအား ပစ္သတ္တုိင္း confirmed kill မရေခ် comfirm kill ရရွိရန္ အရာရွိအဆင့္ရွိ တတိယပုဂၢိဳလ္တစ္ဦးမွ မ်က္ျမင္ေတြ႕ရွိခ်က္လုိေပသည္ Spotter ေခၚ အကဲၾကည့္၏ မ်က္ျမင္ေတြ႕ရွိခ်က္သည္လည္း အက်ဳံးမ၀င္ေခ်

ကားလုိ႔စ္၏ လက္ခ်က္ေၾကာင့္ ေျမာက္ဗီယက္နမ္စႏုိက္ပါမ်ား တျဖဳတ္ျဖဳတ္ က်ဆုံးကုန္သျဖင့္ ကားလုိ႔စ္အား လုပ္ၾကံရန္ အေတာ္ဆုံး စႏုိက္ပါသမားမ်ားကုိ ေစလႊတ္ခဲ႔ေသာ္လည္း မည္သူမွ် ျပန္မလာႏုိင္ခဲ႔ေပ

၄င္း၏ ေက်ာ္ၾကားလွေသာ လုပ္ၾကံမႈမ်ားတြင္ အပါခ်ီဟု အမည္ေျပာင္ ေပးထားေသာ အလြန္ရက္စက္ၿပီး ေၾကာက္မက္ဖြယ္ေကာင္းသည့္ ဗီယက္နမ္ အမ်ဳိးသမီး စႏုိက္ပါတစ္ဦးလည္း အပါအ၀င္ျဖစ္သည္ အပါခ်ီသည္ စႏုိက္ပါတပ္စုတစ္စုကုိ ဦးေဆာင္ၿပီး မရိန္းစစ္သားမ်ားကုိ အလစ္အငုိက္ တုိက္ခုိက္ေလ႔ရွိသည္။ ၄င္းတုိ႔သည္ မရိန္းစစ္သည္မ်ားအား အေသပစ္မသတ္ဘဲ မေသမရွင္ဒဏ္ရရေအာင္ ပစ္ခတ္ဖမ္းဆီးသည္ ထုိ႔ေနာက္ လက္သည္းခြံခြာျခင္း မ်က္လုံးပိတ္မရေအာင္ မ်က္ခြံမ်ားလွီးထုတ္ျခင္း နားရြက္မ်ားအား လွီးျဖတ္ျခင္း လိင္အဂၤါျဖတ္ျခင္းတုိ႔ျဖင့္ အစြမ္းကုန္ညွင္းပန္း ႏွိပ္စက္ၿပီးမွ ပစ္ထားၿပီး ထြက္သြားေလ႔ရွိသည္

အပါခ်ီ၏ ႏွိပ္စက္ျခင္းခံရသူမ်ားမွာ မခ်ိမဆန္႔ျဖင့္ ေ၀ဒနာႀကီးစြာခံစားရၿပီးမွ ေသြးထြက္လြန္ကာ ေသဆုံးသြားၾကသည္ ကားလုိ႔စ္သည္ အပါခ်ီကုိ ပစ္မသတ္ႏုိင္ရင္ ျပန္မလာဟု ေၾကြးေၾကာ္ၿပီး သူ၏ spotter ကုိေခၚကာ အပါခ်ီေနာက္သုိ႔ အသည္းအသန္လုိက္ခဲ႔သည္ အပါခ်ီမွာလည္း အလြန္ေတာကၽြမ္းၿပီး ေျခရာေဖ်ာက္ေကာင္းသူျဖစ္သည္။ ငယ္စဥ္ေတာင္ေက်း ကေလးဘ၀ကတည္းက ေတာထဲတြင္ သားေကာင္မ်ားကုိ ေျခရာခံအမဲလုိက္လာခဲ႔သည့္ ကားလုိ႔စ္က ရေအာင္ေျခရာခံၿပီး အပါခ်ီတုိ႔ လာႏုိင္သည့္ ေတာလမ္းတစ္ခုမွ ႀကိဳတင္ေစာင့္ဆုိင္းေနသည္

အပါခ်ီႏွင့္အတူ စႏုိက္ပါတပ္စုသည္ ကားလုိ႔စ္ ေစာင့္ဆုိင္းေနေသာ
ေတာလမ္းအတုိင္း ခ်ီတက္လာၿပီးေနာက္ အပါခ်ီမွာ ခ်ဳံတုိးၿပီး က်န္းမာေရး ျပႆနာရွင္းေလသည္ အပါခ်ီ၏ စႏုိက္ပါတပ္စုမွာ အသင့္အေနအထားျဖင့္ ေစာင့္ၾကပ္ေနၾကသည္

ကားလုိ႔စ္မွ လက္နက္ႀကီးပစ္ကူေခၚလုိက္သျဖင့္ လက္နက္ႀကီးက်ည္မ်ား က်လာၿပီး စႏုိက္ပါတပ္စု ၀ရုန္းသုန္းကား ျဖစ္သြားခ်ိန္တြင္ အပါခ်ီမွာလည္း ခ်ဳံထဲမွ ဒေရာေသာပါး ထြက္အလာ အသင့္ခ်ိန္ရြယ္ ထားၿပီးျဖစ္ေသာ ကားလုိ႔စ္က ၂ ခ်က္ဆက္တုိက္ ဆင့္ပစ္ခ်လုိက္သည္ ထုိ႔ေနာက္ အပါခ်ီ၏ အဖြဲ႕၀င္မ်ားအား ဆက္လက္ ဇီ၀ိန္ခ်ဳပ္ေပးလုိက္ေလသည္ အပါခ်ီအား လုိက္လံေျခရာခံစဥ္ သူ၏ spotter က အပါခ်ီအား မေသမရွင္ပစ္ခတ္ၿပီး မရိန္းတပ္သားမ်ားအား သူလုပ္ခဲ႔သလုိ တန္ျပန္ညွင္းပန္းႏွိပ္စက္ရန္ အၾကံေပးခဲ႔ေသးသည္။ ကားလုိ႔စ္မွာ စႏုိက္ပါတစ္ဦး အေနျဖင့္ လူသတ္ေနရေသာ္လည္း ထုိကဲ႔သုိ႔ ရက္စက္တတ္သည့္ ႏွလုံးသားမရွိသူျဖစ္ရာ spotter ၏ အၾကံျပဳခ်က္ကုိ ျပတ္ျပတ္သားသား ျငင္းပယ္ခဲ႔ၿပီး အေသပစ္သတ္ခဲ႔ျခင္းျဖစ္သည္။ အပါခ်ီအား သုတ္သင္ႏုိင္ျခင္းသည္ မရိန္းတပ္ဖြဲ႕၀င္မ်ားအတြက္ အလြန္ပင္ စိတ္ဓာတ္တက္ၾကြေစခဲ႔သည္

ကားလုိ႔စ္အတြက္ အခက္ခဲဆုံး စစ္ဆင္ေရးတစ္ခုမွာ ရန္သူ႔နယ္ေျမ၏ ေနာက္တန္းအထိ တစ္ဦးတည္း ထုိးေဖာက္၀င္ေရာက္ၿပီး ေျမာက္ဗီယက္နမ္ ဗုိလ္ခ်ဳပ္အား လုပ္ၾကံရသည့္ စစ္ဆင္ေရးျဖစ္သည္ ကားလုိ႔စ္သည္ တာ၀န္အား လက္ခံၿပီးေနာက္ spotter ကုိပင္ မေခၚေတာ႔ဘဲ လက္စြဲေတာ္ေသနတ္ ရိကၡာေျခာက္ ေရဗူး ေျမပုံႏွင့္ သံလုိက္အိမ္ေျမာင္ ေရဒီယုိစက္ တစ္ခုကုိ ယူေဆာင္ၿပီး ရန္သူ႔နယ္ေျမအတြင္းသုိ႔ စြန္႔စား၀င္ေရာက္ေလသည္

ေတာထဲတြင္ ရန္သူ႔မုိင္းမ်ားကုိ ေရွာင္ရွားရသည့္အျပင္ ေျမြ ကင္း ပင့္ကူကဲ႔သုိ႔ သဘာ၀ရန္သူမ်ားကလည္း ေပါမ်ားလွသည္ ေျခရာမက်န္ရစ္ေစရန္လည္း သြားလာတတ္ရသည္ အိမ္ေျမာင္တစ္လုံးႏွင့္ ေျမပုံေထာက္ၿပီး လမ္းရွာတတ္ရေသးသည္။ ေတာထဲတြင္ ရိကၡာျပတ္ ေရျပတ္ျဖင့္ အမ်ဳိးမ်ဳိးဒုကၡေရာက္ၿပီး ေနာက္ဆုံးတြင္ ရန္သူ႔နယ္ျမ၏ ေနာက္တန္းအထိ ထုိးေဖာက္၀င္ေရာက္ႏုိင္ခဲ႔သည္။

သူ၏တစ္ကုိယ္လုံး ျခံဳႏြယ္သစ္ခက္မ်ားျဖင့္ ပုံဖ်က္ထားၿပီး ရန္သူစစ္စခန္းသုိ႔ ေရာက္ရန္ တစ္မုိင္ေက်ာ္ (ကုိက္ ၂၀၀၀ အကြာ)မွစ၍ တစ္လက္မခ်င္း တြားသြားကာ တေရြ႕ေရြ႕ ခ်ည္းကပ္ခဲ႔သည္ စခန္းျခံစည္းရုိးမွ ကုိက္ ၅၀၀ အကြာတြင္ ေက်ာက္ရုပ္တစ္ခုကဲ႔သုိ႔ တစ္ခ်က္မွ မလႈပ္ဘဲၿငိမ္၀ပ္၍ ပစ္မွတ္အား စိတ္ရွည္လက္ရွည္ ေစာင့္စားေနခဲ႔သည္ ကားလုိ႔စ္မွာ စခန္းျခံစည္းရုိးႏွင့္ ကုိက္ ၅၀၀ ကြာေ၀းၿပီး ျခံစည္းရုိးႏွင့္ ေျမာက္ဗီယက္နမ္ ဗုိလ္ခ်ဳပ္၏တဲမွာ ကုိက္ ၂၀၀ ကြာေ၀းသည္ျဖစ္ရာ သူ႔အေနျဖင့္ စုစုေပါင္း ကုိက္ ၇၀၀ အကြာမွ ပစ္မွတ္ကုိ ပစ္ခတ္ရမည္ျဖစ္သည္

ေနာက္ဆုံးတြင္ ပစ္မွတ္ျဖစ္သူ ရန္သူဗုိလ္ခ်ဳပ္ ထြက္လာၿပီး ရဲေဘာ္တစ္ေယာက္အား ညႊန္ၾကားေလသည္ ထုိရဲေဘာ္မွာ ပစ္ကြင္းတြင္ ခံေနသျဖင့္ ပစ္မရေသးေခ် ထုိ႔ေနာက္ ရဲေဘာ္လွည့္အထြက္ ဗုိလ္ခ်ဳပ္မွာလည္း တဲအတြင္းသုိ႔ ျပန္၀င္မည္အျပဳတြင္ ကားလုိ႔စ္ ပစ္ခတ္လုိက္ေသာ က်ည္သည္ ရန္သူဗုိလ္ခ်ဳပ္၏ ႏွလုံးသားအား ေဖာက္ထြက္သြားေလသည္

ပြဲႀကီးပြဲေကာင္းက ထုိအခ်ိန္မွ စတင္ေလသည္ ေသနတ္ပစ္လက္ေျဖာင့္ရုံျဖင့္ စႏုိက္ပါေကာင္းတစ္ဦး မျဖစ္ႏုိင္ ရန္သူပစ္မွတ္အား မရိပ္မိေအာင္ ပိရိစြာခ်ည္းကပ္ႏုိင္ျခင္းႏွင့္ ပစ္မွတ္အား ေခ်မႈန္းၿပီးေနာက္ ေအာင္ျမင္စြာ ဆုတ္ခြာႏုိင္ျခင္းရွိမွသာ စႏုိက္ပါသမားေကာင္းဟု သတ္မွတ္ႏုိင္သည္ ကားလုိ႔စ္မွာ ထုိေနရာတြင္ တစ္ဖက္ကမ္းခတ္ေတာ္ေလသည္

ဗုိလ္ခ်ဳပ္က်ဆုံးသြားၿပီးေနာက္ ဗီယက္နမ္တုိ႔မွ စႏုိက္ပါရွိႏုိင္ေသာ ေနရာမ်ားအား စက္ေသနတ္မ်ားျဖင့္ ပုိက္စိတ္တုိက္ပစ္ခတ္ျခင္း လက္နက္ႀကီးမ်ားျဖင့္စုျပံဳပစ္ခတ္ျခင္း နယ္ေျမကၽြမ္းက်င္ေသာ ေဒသခံမ်ားႏွင့္ ေျမာက္ဗီယက္နမ္တပ္မ်ား ပူးေပါင္း၍ ေတာနင္းရွာေဖြျခင္း ပစ္ရွင္းရွင္းျခင္းမ်ားကုိ ေအာင္ျမင္စြာ ေရွာင္တိမ္းၿပီး ႀကိဳတင္ သတ္မွတ္ထားေသာ Rendezvous ဆုံမွတ္သုိ႔ ဆုတ္ခြာႏုိင္ခဲ႔သည္ ထုိမွတဆင့္ မရိန္းရဟတ္ယာဥ္တစ္စီးမွ ေအာင္ျမင္စြာ ကယ္ထုတ္သြားခဲ႔သည္

ထုိကဲ႔သုိ႔ စြမ္းေဆာင္ရည္မ်ားေၾကာင့္ ေျမာက္ဗီယက္နမ္မွ ကားလုိ႔စ္အား စံခ်ိန္တင္ အျမင့္ဆုံးဆုေငြထုတ္ခဲ႔ရသည္။ ထုိေခတ္က ေျမာက္ဗီယက္နမ္မွ US စႏုိက္ပါသမားမ်ားအတြက္ ထုတ္ျပန္ေသာဆုေၾကးေငြမွာ ၈ ေဒၚလာမွ ေဒၚလာ ၂၀၀၀ အထိသာ အျမင့္ဆုံးျဖစ္ေသာ္လည္း ကားလုိ႔စ္အား မၾကံဳစဖူး ေဒၚလာ ၃ ေသာင္းအထိ စံခ်ိန္တင္ ဆုေငြထုတ္ခဲ႔သည္ ထုိအခါ ကားလုိ႔စ္၏ ရဲေဘာ္ရဲဘက္ မရိန္းတပ္ဖြဲ႕၀င္မ်ားသည္ ကားလုိ႔စ္ကဲ႔သုိ႔ပင္ ေတာေဆာင္းဦးထုပ္တြင္ ငွက္ေတာင္ျဖဴမ်ားထုိးစုိက္ၿပီး ပုံမွားရုိက္ကာ ကားလုိ႔စ္အား ကာကြယ္ေပးခဲ႔ၾကသည္

ေနာက္ဆုံးတြင္ ကားလုိ႔စ္အား လုပ္ၾကံရန္ ေျမာက္ဗီယက္နမ္မွ ၄င္းတုိ႔၏ အေတာ္ဆုံး စႏုိက္ပါအား ေစလႊတ္ခဲ႔ၾကသည္ ၄င္း၏ အမည္၀ွက္မွာ Cobra (ေျမြေဟာက္) ျဖစ္ေလသည္ Cobra သည္ ကားလုိ႔စ္တုိ႔ စခန္းခ်ရာ ေတာင္ကုန္းအမွတ္ ၅၅ မွ မရိန္းစစ္သည္မ်ားကုိ ပစ္ခတ္သုတ္သင္ၿပီး ကားလုိ႔စ္အား စစ္ျမွဴေလသည္ ကားလုိ႔စ္ကလည္း ထြက္၍ လုိက္သည္

ေတာထဲတြင္ သူတုိ႔သည္ ပစ္ခတ္ရန္ အျပန္အလွန္ေခ်ာင္းေျမာင္း ေနၾကေလသည္ ကားလုိ႔စ္မွ သစ္ငုတ္တစ္ခုကုိ ခလုတ္တိုက္မိသြားသျဖင့္ Cobra မွ ေနရာသိသြားၿပီး လက္ဦးမႈယူကာ ပစ္ခတ္လုိက္သည္ ကံေကာင္းေထာက္မသျဖင့္ က်ည္မွာ ကားလုိ႔စ္၏ spotter ျဖစ္သူ ဂၽြန္ဘာ႔ခ္၏ ေရဗူးကုိသာ ထိမွန္သြားခဲ႔သည္

ေနာက္တစ္ႀကိမ္တြင္မူ ကားလုိ႔စ္ အလွည့္ျဖစ္သည္ Cobra ၏ စႏုိက္ပါမွန္ေျပာင္းမွ အလင္းျပန္မႈကုိ ျဖတ္ကနဲေတြ႕လုိက္သည့္ လွ်ပ္တစ္ျပက္အခ်ိန္ေလးမွာပင္ ကားလုိ႔စ္က အပုိင္ပစ္ခ်လုိက္သည္ ကားလုိ႔စ္ပစ္ခတ္လုိက္ေသာ က်ည္ဆန္သည္ Cobra ၏ စႏုိက္ပါမွန္ေျပာင္းအတြင္း တည့္တည့္၀င္၍ မ်က္လုံးအား ေဖာက္ထြင္းၿပီး ဦးေႏွာက္တြင္း က်ည္ေရာက္ကာ ေသဆုံးသြားေလသည္။

ေအာင္ျမင္မႈ အထိမ္းအမွတ္အေနျဖင့္ ကားလုိ႔စ္က Cobra ၏ ေသနတ္အား ယူေဆာင္လာခဲ႔ေလသည္ ကားလုိ႔စ္ ပစ္ခတ္လုိက္ေသာက်ည္သည္ ရန္သူ ေသနတ္မွန္ေျပာင္းအား တည့္တည့္မတ္မတ္ ေဖာက္၀င္သြားျခင္းျဖစ္ၿပီး မွန္ေျပာင္းအတြင္းနံရံမ်ားတြင္ က်ည္ပြတ္တုိက္မႈပင္ မေတြ႕ရေခ်။

ကားလုိ႔စ္သည္ ၄င္း၏ ေျပာင္ေျမာက္လွေသာ စြမ္းေဆာင္မႈမ်ားအတြက္ ဆုတံဆိပ္မ်ားစြာ ရရွိခဲ႔ေသာ္လည္း သူအလြန္ဂုဏ္ယူေသာ Silver Star ဆုတံဆိပ္မွာသူ သူ၏ စႏုိက္ပါစြမ္းရည္ႏွင့္ သက္ဆုိင္ျခင္းမရွိေခ် မိမိကုိယ္တုိင္ဒဏ္ရာေနသည့္ၾကားမွ မီးအေလာင္ခံလ်က္ ရဲေဘာ္ရဲဘက္ မရိန္းစစ္သည္ ၇ ဦး၏ အသက္ကုိ သက္စြန္႔ႀကိဳးပမ္း ကယ္တပ္ခဲ႔ေသာေၾကာင့္ျဖစ္သည္

၁၉၆၉ ခုႏွစ္က ကားလုိ႔စ္ႏွင့္ မရိန္းတပ္ဖြဲ႕၀င္မ်ားလုိက္ပါလာေသာ APC (သံခ်ပ္ကာတုိက္ယာဥ္) မွာ တင့္ဖ်က္မုိင္းနင္းမိၿပီး ပ်က္စီးရာ ေပါက္ကြဲမႈေၾကာင့္ စစ္သည္မ်ား ဒဏ္ရာရ သတိလစ္သြားၾကသည္ ကားလုိ႔စ္ တစ္ေယာက္သာ သတိမလစ္ဘဲက်န္ရစ္သည္ ကားလုိ႔စ္သည္ မိမိကုိယ္တုိင္ ဒဏ္ရာရေနသည့္ၾကားမွ အသက္ကုိ ပဓာနမထားဘဲ မီးေလာင္ေနသည့္ APC ယာဥ္အတြင္း သတိလစ္ေနေသာ မရိန္းစစ္သည္ ၇ ေယာက္ကုိ သက္စြန္႔ဆံဖ်ား ကယ္ထုတ္ခဲ႔သည္ ထုိသုိ႔ ကယ္တင္ျခင္းေၾကာင့္ သူကုိယ္တုိင္ ခႏၶာကုိယ္ ၄၀ % အထိ မီးေလာင္ခံခဲ႔ရာ ေသမတတ္ျဖစ္ခဲ႔ရသည္ အခ်ဳိ႕မီးေလာင္ဒဏ္ရာမ်ားမွာ အလြန္ျပင္းထန္ေသာ third degree အဆင့္ပင္ ရွိေလသည္။ ၄င္းႏွင့္အတူ ဒဏ္ရာရ မရိန္းတပ္ဖြဲ႕၀င္မ်ားအား ရဟတ္ယာဥ္ျဖင့္ အလ်င္အျမန္သယ္ေဆာင္ၿပီး USS Repose ေဆးရုံသေဘၤာေပၚသုိ႔ အခ်ိန္မီ ေခၚေဆာင္သြားႏုိင္သျဖင့္သာ အသက္ေဘးမွ လြတ္ေျမာက္ျခင္းျဖစ္သည္ ကားလုိ႔စ္ႏွင့္ မရိန္းတပ္ဖြဲ႕၀င္မ်ားမွာ ဒဏ္ရာျပင္းထန္လြန္းသျဖင့္ ေဆးရုံသေဘၤာမွ တုိက်ဳိရွိ ေရတပ္ေဆးရုံသုိ႔ ေျပာင္းေရႊ႕ခဲ႔ရၿပီး ထုိမွတဆင့္ အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ ဆန္အန္တုိနီယုိၿမိဳ႕ရွိ ဘရြတ္ကီစစ္ေဆးရုံႀကီး၊ မီးေလာင္ဒဏ္ရာ အထူးကုသေရးဌာနတြင္ ၾကာျမင့္စြာ တက္ေရာက္ကုသမႈခံယူခဲ႔ရသည္

ေသလုေမ်ာပါး မီးေလာင္ဒဏ္ရာမ်ားျဖင့္ ဗီယက္နမ္စစ္ေျမျပင္မွ ထြက္ခြာလာခဲ႔ရၿပီးေနာက္ မရိန္းတပ္ဖြဲ႕၏ စႏုိက္ပါသင္တန္းေက်ာင္း တည္ေထာင္ရာတြင္ကူညီခဲ႔သည့္အျပင္ နာမည္ေက်ာ္ SEAL Team Six အပါအ၀င္ အေမရိကန္ အထူးတပ္ဖြဲ႕မ်ားကုိ ေလ႔က်င့္ေပးရေသာ သင္တန္းဆရာအျဖစ္ တာ၀န္ေပးအပ္ခံခဲ႔ရသည္။

ဗီယက္နမ္စစ္ေျမျပင္မွ ရရွိခဲ႔ေသာ ဒဏ္ရာမ်ားေၾကာင့္ နာက်င္မႈကုိ အၿမဲလုိလုိခံစားေနရၿပီး အကိုက္အခဲေပ်ာက္ေဆး အနာသက္သာေဆးမ်ား အၿမဲေသာက္သုံး ေနခဲ႔ရသည္။ ၄င္း၏ က်န္းမာေရးမွာ ပုိမုိဆုိးရြားလာသျဖင့္ တာ၀န္ ဆက္လက္ထမ္းေဆာင္ရန္ သင့္ေတာ္ျခင္းမရွိဟု အထက္လူႀကီးမ်ားမွ ယူဆကာ ခံစားခြင့္ နစ္နာေၾကး ပင္စင္လစာမ်ား အျပည့္အ၀ ေပးအပ္လုိက္ၿပီး မရိန္းတပ္ဖြဲ႕မွ အနားေပးလုိက္သည္

ထုိသုိ႔ အနားေပးခံရသျဖင့္ မိမိကုိယ္ကုိယ္ အသုံးမ၀င္ေတာ႔ဟု ခံစားရၿပီး စိတ္က်ေ၀ဒနာပါ ၀င္လာခဲ႔သည္။ ဇနီးျဖစ္သူႏွင့္လည္း ကြဲလုနီးပါးျဖစ္ခဲ႔သည္။ ေနာက္ဆုံးတြင္ ငါးမန္းဖမ္းျခင္းအလုပ္တြင္ ဝါသနာပါသြားၿပီးေနာက္ စိတ္က်ေ၀ဒနာလည္း သက္သာသြားခဲ႔သည္

စႏုိက္ပါသက္တမ္း တစ္ေလ်ာက္လုံး ရန္သူမ်ားအား ပစ္ခတ္သတ္ျဖတ္ေနရသည္ကုိ မည္သုိ႔သေဘာရပါသနည္းဟု သူ႔အားေမးျမန္းရာ I like shooting, and I love hunting. But I never did enjoy killing anybody. It’s my job. If I don’t get those bastards, they’re gonna kill a lot of these kids dressed up like Marines. That’s the way I look at it.

ကၽြန္ေတာ္ ေသနတ္ပစ္ရတာႀကိဳက္တယ္ အမဲလုိက္ရတာႀကိဳက္ပါတယ္ ဒါေပမဲ႔ လူသတ္ရတာေတာ႔ မႀကိဳက္ဘူးဗ် ဒါေပမဲ႔ အဲဒါက ကၽြန္ေတာ္႔အလုပ္ပဲေလ ကၽြန္ေတာ္သူတုိ႔ကုိ မသတ္ရင္ မရိန္းတပ္ဖြဲ႕၀င္ေတြ အမ်ားႀကီး သူတုိ႔လက္ခ်က္နဲ႔ေသရမွာဗ် ကၽြန္ေတာ္အဲဒီလုိပဲျမင္တယ္ဟု ေျပာၾကားခဲ႔သည္

ကားလုိ႔စ္သည္ ၄င္းကုိယ္တုိင္ ဗီယက္နမ္စစ္အား လုိလားေထာက္ခံျခင္း မရွိေသာ္လည္း စစ္သားပီပီ အထက္မွ ေပးအပ္လာသည့္ တာ၀န္မ်ားအား ရြပ္ရြပ္ခၽြံခၽြံ ထမ္းေဆာင္ခဲ႔သလုိ မိမိရဲေဘာ္မ်ားကိုလည္း အသက္ႏွင့္ရင္း၍ ကယ္တင္ခဲ႔သူျဖစ္သည္ ထုိ႔ေနာက္ မိမိတတ္ကၽြမ္းေသာ ပညာရပ္မ်ားအား ႏုိင္ငံ့မ်ဳိးဆက္သစ္ လူငယ္စစ္သည္မ်ားကုိလည္း အစြမ္းကုန္ သင္ၾကားၿပသၿပီး တုိင္းျပည္ကုိ အေကာင္းဆုံး ေပးဆပ္သြားခဲ႔ကာ ၁၉၉၉ ခုႏွစ္ ေဖေဖၚ၀ါရီလ ၂၂ ရက္ေန႔တြင္ ကြယ္လြန္သြားခဲ႔ပါသည္။

Credit : #Global_Defense_Technology


==========

Unicode

သာမန်ပစ်မှတ်တွေထက် ရန်သူစနိုက်ပါသမားတွေကို ပစ်မှတ်ထားပြီး လုပ်ကြံတတ်သူ sniper killer တစ်ယောက်

မြောက်ဗီယက်နမ်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ ယုံကြည်စွာ တာဝန်ပေးအပ်ခံရသူ

မြောက်ဗီယက်နမ်က အသေရရအရှင်ရရဆိုပြီး ဆုငွေထုတ်ခံရတဲ့ US စနိုက်ပါသမားထဲမှာ မကြုံစဖူး အမြင့်ဆုံးဆုငွေထုတ်ပြန်ခြင်းခံရသူ

မြောက်ဗီယက်နမ်က မြွေဟောက်လို့ နာမည်ဝှက်ပေးထားတဲ့ သူတို့ရဲ့ အတော်ဆုံး စနိုက်ပါသမားကို စေလွှတ်ပြီး ကိစ္စတုံးပစ်ရန် ကြိုးစားခြင်းခံရသူ

သူကတော့ အမေရိကန်မရိန်းတပ်ရဲ့ သူရဲကောင်းစနိုက်ပါသမား ကားလို့စ်ဟက်သ်ကော့ခ် Carlos Hathcock

***************************
အမေရိကန်တွင် အရပ်သားပြည်သူများ သေနတ်ကိုင်ဆောင်ခွင့် ရှိသည်ဖြစ်ရာ ကားလို့စ်မိသားစုသည်လည်း လိုင်စင်နှင့် သေနတ် ကိုင်ဆောင်သော မိသားစုဖြစ်ပြီး ကားလို့စ်မှာ ငယ်စဉ်ကလေး ဘဝကပင် သေနတ်နှင့် ရင်းနှီးမှုရှိပြီး ကလေးအရွယ်နှင့် မလိုက်ဖက်အောင်ပင် သေနတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်လေသည်။

သူ့မိဘများ ကွဲကွာကြသောအခါ အဘွားဖြစ်သူနှင့် ဆင်းရဲနွမ်းပါးစွာ အတူနေထိုင်ခဲ့ရသည်။ ထိုဖြစ်ရပ်သည် စနိုက်ပါကောင်း တစ်ဦးဖြစ်လာရန် သူ့အတွက် အကြောင်းဖန်လာခဲ့သည်။ အဘွားနှင့် အတူ ဆင်းရဲကြပ်တည်းစွာနေထိုင်ရပြီး စားစရာ ပုံမှန်မဝယ်နိုင်သဖြင့် သေနတ်တစ်လက်ဖြင့် အာကင်ဆောပြည်နယ် တောတောင်များထဲတွင် တစ်ကိုယ်တော် လှည့်လည်ကာ အမဲလိုက်ခဲ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကပင် တောတောင်များထဲတွင် ကျွမ်းကျင်စွာ သွားလာလှုပ်ရှားခြင်း သားကောင် ခြေရာခံခြင်း တိတ်တဆိတ် ချည်းကပ်ခြင်း စသည့် ပညာရပ်များကို အထူးကျွမ်းကျင်လာခဲ့သည်။ ထိုအချိန်တွင် သူ့အသက်မှာ ၁၄ နှစ်ခန့်သာရှိသေးသည်

ကားလို့စ်သည် အသက် ၁၇ နှစ်ပြည့်သည်နှင့် မရိန်းတပ်ဖွဲ့ သင်တန်း ကျောင်းသို့ တက်ရောက်လေသည်။ ထို့နောက် နာမည်ကျော် ဝင်ဘယ်ဒန်ဖလားသေနတ်ပစ် ချန်ပီယံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာ ချန်ပီယံဆုဖလားအား သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းမှာ မော်ကြွားသူ မဟုတ်ဘဲ သိုသိုသိပ်သိပ် ဘာသိဘာသာ နေတတ်သူဖြစ်ရာ သူ့အရည်အချင်းမှာ တိမ်မြုပ်သွားပြီး သူ့အား သာမန်မရိန်းတပ်ဖွဲ့ဝင်အဖြစ်သာ သိကြလေသည်။ ဗီယက်နမ်စစ် ဖြစ်ပွားသောအခါ ဗီယက်နမ်သို့ စေလွှတ်ခြင်း ခံရသော်လည်း စစ်ရဲ military policeman အဖြစ်သာ တာဝန်ပေးခံရသည်။

သို့သော် သူ့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ရောက်ရှိလာခဲ့သည်။ ဗိုလ်ကြီးအပ်ဒွပ်ဂျိမ်းလန်းသည် သူ၏ အရည်အချင်းကို သတိပြုမိသွားပြီး စနိုက်ပါ တစ်ယောက်အဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်စေခဲ့သည် ထိုအချိန်မှ စပြီး ဗီယက်ကောင်းတို့ကို ဆက်တိုက် ဇီဝိန်ချုပ်စေမည့် ငှက်တောင်ဖြူ အမည်ရ တစ္ဆေတစ်ကောင် ပေါ်ပေါက် လာခဲ့သည် သူသည် ရန်သူစနိုက်ပါများကို စိန်ခေါ်သည့် အနေဖြင့် တောဆောင်းဦးထုပ်တွင် ငှက်တောင်ဖြူ တစ်ချောင်း ထိုးစိုက်ထားလေ့ ရှိသဖြင့် White Feather (ငှက်တောင်ဖြူ)ဟု အမည်တွင်ခြင်း ဖြစ်သည်

သူ၏ အဓိကပစ်မှတ်များမှာ မရိန်းတပ်ဖွဲ့များကို ဇီဝန်ချွေနေသော ဗီယက်နမ်စနိုက်ပါသမားများ ဖြစ်ကြသည်။ စနိုက်ပါ တစ်ဦးအနေဖြင့် သာမန်စစ်သည်များအား ပစ်ခတ်ရာတွင် အခက်အခဲ နည်းပါးသော်လည်း စနိုက်ပါချင်း ပစ်ခတ်ရာတွင်မူ မြွေမြွေချင်း ခြေမြင်ဆိုသကဲ့သို့ အလွန်ခက်ခဲလေသည်။ ကားလို့စ်သည် ထိုကဲ့သို့ ခက်ခဲသော ပစ်မှတ်များကိုမှ သဘောကျသူ ဖြစ်လေသည်

ဗီယက်နမ်စစ်ပွဲတွင် ကားလို့စ်သည် comfirmed kill ၉၃ ခု ရရှိခဲ့သည် confirmed kill ဆိုသည်မှာ အထက်မှ တရားဝင်အတည်ပြုထားသော အရေအတွက်သာ ဖြစ်ပြီး ၎င်းတကယ် ပစ်သတ်ခဲ့သည့် ရန်သူဦးရေမှာ Actual kill မှာ ၃၀၀ နှင့် ၄၀၀ ကြားရှိသည်ဟုဆိုသည်
ဗီယက်နမ်စစ်ပွဲတွင် အထက်မှ တရားဝင်အတည်ပြုထားသော confirmed kill ရရှိရန်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်ခဲ့သည် ရန်သူအား ပစ်သတ်တိုင်း confirmed kill မရချေ comfirm kill ရရှိရန် အရာရှိအဆင့်ရှိ တတိယပုဂ္ဂိုလ်တစ်ဦးမှ မျက်မြင်တွေ့ရှိချက်လိုပေသည် Spotter ခေါ် အကဲကြည့်၏ မျက်မြင်တွေ့ရှိချက်သည်လည်း အကျုံးမဝင်ချေ

ကားလို့စ်၏ လက်ချက်ကြောင့် မြောက်ဗီယက်နမ်စနိုက်ပါများ တဖြုတ်ဖြုတ် ကျဆုံးကုန်သဖြင့် ကားလို့စ်အား လုပ်ကြံရန် အတော်ဆုံး စနိုက်ပါသမားများကို စေလွှတ်ခဲ့သော်လည်း မည်သူမျှ ပြန်မလာနိုင်ခဲ့ပေ

၎င်း၏ ကျော်ကြားလှသော လုပ်ကြံမှုများတွင် အပါချီဟု အမည်ပြောင် ပေးထားသော အလွန်ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဗီယက်နမ် အမျိုးသမီး စနိုက်ပါတစ်ဦးလည်း အပါအဝင်ဖြစ်သည် အပါချီသည် စနိုက်ပါတပ်စုတစ်စုကို ဦးဆောင်ပြီး မရိန်းစစ်သားများကို အလစ်အငိုက် တိုက်ခိုက်လေ့ရှိသည်။ ၎င်းတို့သည် မရိန်းစစ်သည်များအား အသေပစ်မသတ်ဘဲ မသေမရှင်ဒဏ်ရရအောင် ပစ်ခတ်ဖမ်းဆီးသည် ထို့နောက် လက်သည်းခွံခွာခြင်း မျက်လုံးပိတ်မရအောင် မျက်ခွံများလှီးထုတ်ခြင်း နားရွက်များအား လှီးဖြတ်ခြင်း လိင်အင်္ဂါဖြတ်ခြင်းတို့ဖြင့် အစွမ်းကုန်ညှင်းပန်း နှိပ်စက်ပြီးမှ ပစ်ထားပြီး ထွက်သွားလေ့ရှိသည်

အပါချီ၏ နှိပ်စက်ခြင်းခံရသူများမှာ မချိမဆန့်ဖြင့် ဝေဒနာကြီးစွာခံစားရပြီးမှ သွေးထွက်လွန်ကာ သေဆုံးသွားကြသည် ကားလို့စ်သည် အပါချီကို ပစ်မသတ်နိုင်ရင် ပြန်မလာဟု ကြွေးကြော်ပြီး သူ၏ spotter ကိုခေါ်ကာ အပါချီနောက်သို့ အသည်းအသန်လိုက်ခဲ့သည် အပါချီမှာလည်း အလွန်တောကျွမ်းပြီး ခြေရာဖျောက်ကောင်းသူဖြစ်သည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက တောထဲတွင် သားကောင်များကို ခြေရာခံအမဲလိုက်လာခဲ့သည့် ကားလို့စ်က ရအောင်ခြေရာခံပြီး အပါချီတို့ လာနိုင်သည့် တောလမ်းတစ်ခုမှ ကြိုတင်စောင့်ဆိုင်းနေသည်

အပါချီနှင့်အတူ စနိုက်ပါတပ်စုသည် ကားလို့စ် စောင့်ဆိုင်းနေသော
တောလမ်းအတိုင်း ချီတက်လာပြီးနောက် အပါချီမှာ ချုံတိုးပြီး ကျန်းမာရေး ပြဿနာရှင်းလေသည် အပါချီ၏ စနိုက်ပါတပ်စုမှာ အသင့်အနေအထားဖြင့် စောင့်ကြပ်နေကြသည်

ကားလို့စ်မှ လက်နက်ကြီးပစ်ကူခေါ်လိုက်သဖြင့် လက်နက်ကြီးကျည်များ ကျလာပြီး စနိုက်ပါတပ်စု ဝရုန်းသုန်းကား ဖြစ်သွားချိန်တွင် အပါချီမှာလည်း ချုံထဲမှ ဒရောသောပါး ထွက်အလာ အသင့်ချိန်ရွယ် ထားပြီးဖြစ်သော ကားလို့စ်က ၂ ချက်ဆက်တိုက် ဆင့်ပစ်ချလိုက်သည် ထို့နောက် အပါချီ၏ အဖွဲ့ဝင်များအား ဆက်လက် ဇီဝိန်ချုပ်ပေးလိုက်လေသည် အပါချီအား လိုက်လံခြေရာခံစဉ် သူ၏ spotter က အပါချီအား မသေမရှင်ပစ်ခတ်ပြီး မရိန်းတပ်သားများအား သူလုပ်ခဲ့သလို တန်ပြန်ညှင်းပန်းနှိပ်စက်ရန် အကြံပေးခဲ့သေးသည်။ ကားလို့စ်မှာ စနိုက်ပါတစ်ဦး အနေဖြင့် လူသတ်နေရသော်လည်း ထိုကဲ့သို့ ရက်စက်တတ်သည့် နှလုံးသားမရှိသူဖြစ်ရာ spotter ၏ အကြံပြုချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး အသေပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အပါချီအား သုတ်သင်နိုင်ခြင်းသည် မရိန်းတပ်ဖွဲ့ဝင်များအတွက် အလွန်ပင် စိတ်ဓာတ်တက်ကြွစေခဲ့သည်

ကားလို့စ်အတွက် အခက်ခဲဆုံး စစ်ဆင်ရေးတစ်ခုမှာ ရန်သူ့နယ်မြေ၏ နောက်တန်းအထိ တစ်ဦးတည်း ထိုးဖောက်ဝင်ရောက်ပြီး မြောက်ဗီယက်နမ် ဗိုလ်ချုပ်အား လုပ်ကြံရသည့် စစ်ဆင်ရေးဖြစ်သည် ကားလို့စ်သည် တာဝန်အား လက်ခံပြီးနောက် spotter ကိုပင် မခေါ်တော့ဘဲ လက်စွဲတော်သေနတ် ရိက္ခာခြောက် ရေဗူး မြေပုံနှင့် သံလိုက်အိမ်မြောင် ရေဒီယိုစက် တစ်ခုကို ယူဆောင်ပြီး ရန်သူ့နယ်မြေအတွင်းသို့ စွန့်စားဝင်ရောက်လေသည်

တောထဲတွင် ရန်သူ့မိုင်းများကို ရှောင်ရှားရသည့်အပြင် မြွေ ကင်း ပင့်ကူကဲ့သို့ သဘာဝရန်သူများကလည်း ပေါများလှသည် ခြေရာမကျန်ရစ်စေရန်လည်း သွားလာတတ်ရသည် အိမ်မြောင်တစ်လုံးနှင့် မြေပုံထောက်ပြီး လမ်းရှာတတ်ရသေးသည်။ တောထဲတွင် ရိက္ခာပြတ် ရေပြတ်ဖြင့် အမျိုးမျိုးဒုက္ခရောက်ပြီး နောက်ဆုံးတွင် ရန်သူ့နယ်မြ၏ နောက်တန်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

သူ၏တစ်ကိုယ်လုံး ခြုံနွယ်သစ်ခက်များဖြင့် ပုံဖျက်ထားပြီး ရန်သူစစ်စခန်းသို့ ရောက်ရန် တစ်မိုင်ကျော် (ကိုက် ၂၀၀၀ အကွာ)မှစ၍ တစ်လက်မချင်း တွားသွားကာ တရွေ့ရွေ့ ချည်းကပ်ခဲ့သည် စခန်းခြံစည်းရိုးမှ ကိုက် ၅၀၀ အကွာတွင် ကျောက်ရုပ်တစ်ခုကဲ့သို့ တစ်ချက်မှ မလှုပ်ဘဲငြိမ်ဝပ်၍ ပစ်မှတ်အား စိတ်ရှည်လက်ရှည် စောင့်စားနေခဲ့သည် ကားလို့စ်မှာ စခန်းခြံစည်းရိုးနှင့် ကိုက် ၅၀၀ ကွာဝေးပြီး ခြံစည်းရိုးနှင့် မြောက်ဗီယက်နမ် ဗိုလ်ချုပ်၏တဲမှာ ကိုက် ၂၀၀ ကွာဝေးသည်ဖြစ်ရာ သူ့အနေဖြင့် စုစုပေါင်း ကိုက် ၇၀၀ အကွာမှ ပစ်မှတ်ကို ပစ်ခတ်ရမည်ဖြစ်သည်

နောက်ဆုံးတွင် ပစ်မှတ်ဖြစ်သူ ရန်သူဗိုလ်ချုပ် ထွက်လာပြီး ရဲဘော်တစ်ယောက်အား ညွှန်ကြားလေသည် ထိုရဲဘော်မှာ ပစ်ကွင်းတွင် ခံနေသဖြင့် ပစ်မရသေးချေ ထို့နောက် ရဲဘော်လှည့်အထွက် ဗိုလ်ချုပ်မှာလည်း တဲအတွင်းသို့ ပြန်ဝင်မည်အပြုတွင် ကားလို့စ် ပစ်ခတ်လိုက်သော ကျည်သည် ရန်သူဗိုလ်ချုပ်၏ နှလုံးသားအား ဖောက်ထွက်သွားလေသည်

ပွဲကြီးပွဲကောင်းက ထိုအချိန်မှ စတင်လေသည် သေနတ်ပစ်လက်ဖြောင့်ရုံဖြင့် စနိုက်ပါကောင်းတစ်ဦး မဖြစ်နိုင် ရန်သူပစ်မှတ်အား မရိပ်မိအောင် ပိရိစွာချည်းကပ်နိုင်ခြင်းနှင့် ပစ်မှတ်အား ချေမှုန်းပြီးနောက် အောင်မြင်စွာ ဆုတ်ခွာနိုင်ခြင်းရှိမှသာ စနိုက်ပါသမားကောင်းဟု သတ်မှတ်နိုင်သည် ကားလို့စ်မှာ ထိုနေရာတွင် တစ်ဖက်ကမ်းခတ်တော်လေသည်

ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် ဗီယက်နမ်တို့မှ စနိုက်ပါရှိနိုင်သော နေရာများအား စက်သေနတ်များဖြင့် ပိုက်စိတ်တိုက်ပစ်ခတ်ခြင်း လက်နက်ကြီးများဖြင့်စုပြုံပစ်ခတ်ခြင်း နယ်မြေကျွမ်းကျင်သော ဒေသခံများနှင့် မြောက်ဗီယက်နမ်တပ်များ ပူးပေါင်း၍ တောနင်းရှာဖွေခြင်း ပစ်ရှင်းရှင်းခြင်းများကို အောင်မြင်စွာ ရှောင်တိမ်းပြီး ကြိုတင် သတ်မှတ်ထားသော Rendezvous ဆုံမှတ်သို့ ဆုတ်ခွာနိုင်ခဲ့သည် ထိုမှတဆင့် မရိန်းရဟတ်ယာဉ်တစ်စီးမှ အောင်မြင်စွာ ကယ်ထုတ်သွားခဲ့သည်

ထိုကဲ့သို့ စွမ်းဆောင်ရည်များကြောင့် မြောက်ဗီယက်နမ်မှ ကားလို့စ်အား စံချိန်တင် အမြင့်ဆုံးဆုငွေထုတ်ခဲ့ရသည်။ ထိုခေတ်က မြောက်ဗီယက်နမ်မှ US စနိုက်ပါသမားများအတွက် ထုတ်ပြန်သောဆုကြေးငွေမှာ ၈ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ အထိသာ အမြင့်ဆုံးဖြစ်သော်လည်း ကားလို့စ်အား မကြုံစဖူး ဒေါ်လာ ၃ သောင်းအထိ စံချိန်တင် ဆုငွေထုတ်ခဲ့သည် ထိုအခါ ကားလို့စ်၏ ရဲဘော်ရဲဘက် မရိန်းတပ်ဖွဲ့ဝင်များသည် ကားလို့စ်ကဲ့သို့ပင် တောဆောင်းဦးထုပ်တွင် ငှက်တောင်ဖြူများထိုးစိုက်ပြီး ပုံမှားရိုက်ကာ ကားလို့စ်အား ကာကွယ်ပေးခဲ့ကြသည်

နောက်ဆုံးတွင် ကားလို့စ်အား လုပ်ကြံရန် မြောက်ဗီယက်နမ်မှ ၎င်းတို့၏ အတော်ဆုံး စနိုက်ပါအား စေလွှတ်ခဲ့ကြသည် ၎င်း၏ အမည်ဝှက်မှာ Cobra (မြွေဟောက်) ဖြစ်လေသည် Cobra သည် ကားလို့စ်တို့ စခန်းချရာ တောင်ကုန်းအမှတ် ၅၅ မှ မရိန်းစစ်သည်များကို ပစ်ခတ်သုတ်သင်ပြီး ကားလို့စ်အား စစ်မြှူလေသည် ကားလို့စ်ကလည်း ထွက်၍ လိုက်သည်

တောထဲတွင် သူတို့သည် ပစ်ခတ်ရန် အပြန်အလှန်ချောင်းမြောင်း နေကြလေသည် ကားလို့စ်မှ သစ်ငုတ်တစ်ခုကို ခလုတ်တိုက်မိသွားသဖြင့် Cobra မှ နေရာသိသွားပြီး လက်ဦးမှုယူကာ ပစ်ခတ်လိုက်သည် ကံကောင်းထောက်မသဖြင့် ကျည်မှာ ကားလို့စ်၏ spotter ဖြစ်သူ ဂျွန်ဘာ့ခ်၏ ရေဗူးကိုသာ ထိမှန်သွားခဲ့သည်

နောက်တစ်ကြိမ်တွင်မူ ကားလို့စ် အလှည့်ဖြစ်သည် Cobra ၏ စနိုက်ပါမှန်ပြောင်းမှ အလင်းပြန်မှုကို ဖြတ်ကနဲတွေ့လိုက်သည့် လျှပ်တစ်ပြက်အချိန်လေးမှာပင် ကားလို့စ်က အပိုင်ပစ်ချလိုက်သည် ကားလို့စ်ပစ်ခတ်လိုက်သော ကျည်ဆန်သည် Cobra ၏ စနိုက်ပါမှန်ပြောင်းအတွင်း တည့်တည့်ဝင်၍ မျက်လုံးအား ဖောက်ထွင်းပြီး ဦးနှောက်တွင်း ကျည်ရောက်ကာ သေဆုံးသွားလေသည်။

အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် ကားလို့စ်က Cobra ၏ သေနတ်အား ယူဆောင်လာခဲ့လေသည် ကားလို့စ် ပစ်ခတ်လိုက်သောကျည်သည် ရန်သူ သေနတ်မှန်ပြောင်းအား တည့်တည့်မတ်မတ် ဖောက်ဝင်သွားခြင်းဖြစ်ပြီး မှန်ပြောင်းအတွင်းနံရံများတွင် ကျည်ပွတ်တိုက်မှုပင် မတွေ့ရချေ။

ကားလို့စ်သည် ၎င်း၏ ပြောင်မြောက်လှသော စွမ်းဆောင်မှုများအတွက် ဆုတံဆိပ်များစွာ ရရှိခဲ့သော်လည်း သူအလွန်ဂုဏ်ယူသော Silver Star ဆုတံဆိပ်မှာသူ သူ၏ စနိုက်ပါစွမ်းရည်နှင့် သက်ဆိုင်ခြင်းမရှိချေ မိမိကိုယ်တိုင်ဒဏ်ရာနေသည့်ကြားမှ မီးအလောင်ခံလျက် ရဲဘော်ရဲဘက် မရိန်းစစ်သည် ၇ ဦး၏ အသက်ကို သက်စွန့်ကြိုးပမ်း ကယ်တပ်ခဲ့သောကြောင့်ဖြစ်သည်

၁၉၆၉ ခုနှစ်က ကားလို့စ်နှင့် မရိန်းတပ်ဖွဲ့ဝင်များလိုက်ပါလာသော APC (သံချပ်ကာတိုက်ယာဉ်) မှာ တင့်ဖျက်မိုင်းနင်းမိပြီး ပျက်စီးရာ ပေါက်ကွဲမှုကြောင့် စစ်သည်များ ဒဏ်ရာရ သတိလစ်သွားကြသည် ကားလို့စ် တစ်ယောက်သာ သတိမလစ်ဘဲကျန်ရစ်သည် ကားလို့စ်သည် မိမိကိုယ်တိုင် ဒဏ်ရာရနေသည့်ကြားမှ အသက်ကို ပဓာနမထားဘဲ မီးလောင်နေသည့် APC ယာဉ်အတွင်း သတိလစ်နေသော မရိန်းစစ်သည် ၇ ယောက်ကို သက်စွန့်ဆံဖျား ကယ်ထုတ်ခဲ့သည် ထိုသို့ ကယ်တင်ခြင်းကြောင့် သူကိုယ်တိုင် ခန္ဓာကိုယ် ၄၀ % အထိ မီးလောင်ခံခဲ့ရာ သေမတတ်ဖြစ်ခဲ့ရသည် အချို့မီးလောင်ဒဏ်ရာများမှာ အလွန်ပြင်းထန်သော third degree အဆင့်ပင် ရှိလေသည်။ ၎င်းနှင့်အတူ ဒဏ်ရာရ မရိန်းတပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်ဖြင့် အလျင်အမြန်သယ်ဆောင်ပြီး USS Repose ဆေးရုံသင်္ဘောပေါ်သို့ အချိန်မီ ခေါ်ဆောင်သွားနိုင်သဖြင့်သာ အသက်ဘေးမှ လွတ်မြောက်ခြင်းဖြစ်သည် ကားလို့စ်နှင့် မရိန်းတပ်ဖွဲ့ဝင်များမှာ ဒဏ်ရာပြင်းထန်လွန်းသဖြင့် ဆေးရုံသင်္ဘောမှ တိုကျိုရှိ ရေတပ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရပြီး ထိုမှတဆင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ ဘရွတ်ကီစစ်ဆေးရုံကြီး၊ မီးလောင်ဒဏ်ရာ အထူးကုသရေးဌာနတွင် ကြာမြင့်စွာ တက်ရောက်ကုသမှုခံယူခဲ့ရသည်

သေလုမျောပါး မီးလောင်ဒဏ်ရာများဖြင့် ဗီယက်နမ်စစ်မြေပြင်မှ ထွက်ခွာလာခဲ့ရပြီးနောက် မရိန်းတပ်ဖွဲ့၏ စနိုက်ပါသင်တန်းကျောင်း တည်ထောင်ရာတွင်ကူညီခဲ့သည့်အပြင် နာမည်ကျော် SEAL Team Six အပါအဝင် အမေရိကန် အထူးတပ်ဖွဲ့များကို လေ့ကျင့်ပေးရသော သင်တန်းဆရာအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

ဗီယက်နမ်စစ်မြေပြင်မှ ရရှိခဲ့သော ဒဏ်ရာများကြောင့် နာကျင်မှုကို အမြဲလိုလိုခံစားနေရပြီး အကိုက်အခဲပျောက်ဆေး အနာသက်သာဆေးများ အမြဲသောက်သုံး နေခဲ့ရသည်။ ၎င်း၏ ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာသဖြင့် တာဝန် ဆက်လက်ထမ်းဆောင်ရန် သင့်တော်ခြင်းမရှိဟု အထက်လူကြီးများမှ ယူဆကာ ခံစားခွင့် နစ်နာကြေး ပင်စင်လစာများ အပြည့်အ၀ ပေးအပ်လိုက်ပြီး မရိန်းတပ်ဖွဲ့မှ အနားပေးလိုက်သည်

ထိုသို့ အနားပေးခံရသဖြင့် မိမိကိုယ်ကိုယ် အသုံးမဝင်တော့ဟု ခံစားရပြီး စိတ်ကျဝေဒနာပါ ဝင်လာခဲ့သည်။ ဇနီးဖြစ်သူနှင့်လည်း ကွဲလုနီးပါးဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ငါးမန်းဖမ်းခြင်းအလုပ်တွင် ဝါသနာပါသွားပြီးနောက် စိတ်ကျဝေဒနာလည်း သက်သာသွားခဲ့သည်

စနိုက်ပါသက်တမ်း တစ်လျောက်လုံး ရန်သူများအား ပစ်ခတ်သတ်ဖြတ်နေရသည်ကို မည်သို့သဘောရပါသနည်းဟု သူ့အားမေးမြန်းရာ I like shooting, and I love hunting. But I never did enjoy killing anybody. It’s my job. If I don’t get those bastards, they’re gonna kill a lot of these kids dressed up like Marines. That’s the way I look at it.

ကျွန်တော် သေနတ်ပစ်ရတာကြိုက်တယ် အမဲလိုက်ရတာကြိုက်ပါတယ် ဒါပေမဲ့ လူသတ်ရတာတော့ မကြိုက်ဘူးဗျ ဒါပေမဲ့ အဲဒါက ကျွန်တော့်အလုပ်ပဲလေ ကျွန်တော်သူတို့ကို မသတ်ရင် မရိန်းတပ်ဖွဲ့ဝင်တွေ အများကြီး သူတို့လက်ချက်နဲ့သေရမှာဗျ ကျွန်တော်အဲဒီလိုပဲမြင်တယ်ဟု ပြောကြားခဲ့သည်

ကားလို့စ်သည် ၎င်းကိုယ်တိုင် ဗီယက်နမ်စစ်အား လိုလားထောက်ခံခြင်း မရှိသော်လည်း စစ်သားပီပီ အထက်မှ ပေးအပ်လာသည့် တာဝန်များအား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သလို မိမိရဲဘော်များကိုလည်း အသက်နှင့်ရင်း၍ ကယ်တင်ခဲ့သူဖြစ်သည် ထို့နောက် မိမိတတ်ကျွမ်းသော ပညာရပ်များအား နိုင်ငံ့မျိုးဆက်သစ် လူငယ်စစ်သည်များကိုလည်း အစွမ်းကုန် သင်ကြားပြသပြီး တိုင်းပြည်ကို အကောင်းဆုံး ပေးဆပ်သွားခဲ့ကာ ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။

Credit : #Global_Defense_Technology