MASIGNALPHA101

လူသုံးလေးယောက်လောက်ကို အမှုဖွင့်လိုက်ပါပြီဆိုတဲ့ ဒိန်းဒေါင်

လူသုံးလေးယောက်လောက်ကို အမှုဖွင့်လိုက်ပါပြီဆိုတဲ့ ဒိန်းဒေါင်
Friday, June 8, 2018





Credit: pannpwint.com



==========

Unicode

နာမည်ကျော် ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ ယခုရင်ဆိုင်နေရသော အဝေဖန်ခံရမှုများအတွက် လူသုံးလေးယောက်လောက်ကို အမှုဖွင့်လိုက်ပါပြီ လို့ ပြောလာပါတယ်။ ဒိန်းဒေါင်က ဒီအကြောင်း အလင်းတန်းဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာတွေ့ရပါတယ်။

သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်နဲ့ပက်သက်ပြီး ပြဿနာတွေဖြစ်နေတာကြောင့် ဖခင်ဖြစ်သူ ဒိန်းဒေါင်မှာလည်း ခေါင်းမီးတောက်နေရတာ ဖြစ်ပါတယ်။ “ခုလည်း သုံးလေးယောက် တွေ့ထားတယ်။ ဒီနေ့မနက်တောင် ကျွန်တော့်ရှေ့နေ ကျွန်တော့်ကို ဖုန်းဆက်တယ်။ အခုလူသုံးလေးယောက်လောက်ကို အမှုဖွင့်လိုက်ပါပြီ” ဆိုပြီး ပြောလာတာဖြစ်ပါတယ်။

ဒိန်းဒေါင်က အွန်လိုင်းမှာ ဝေဖန်ထိုးနှက်နေမှုများကို ရှေ့နေများငှားထားပြီး ရဲစခန်းနဲ့ချိတ်ဆက်ထားပြီး ပြတ်ပြတ်သားသားဖြေရှင်းနေတယ်လို့လည်း ဖြေထားတာ တွေ့ရပါတယ်။ ဒိန်းဒေါင်ကြည့်ရတာ ဒီကိစ္စအတွက် စိတ်အတော် ထိခိုက်သွားပုံရပါတယ်။

Credit: pannpwint.com