MASIGNALPHA101

ေပ်ာက္ဆံုးေနသူ မိန္းကေလး ၄ ဦးအနက္ ၂ ဦး ျပန္ေတြ႔

ေပ်ာက္ဆံုးေနသူ မိန္းကေလး ၄ ဦးအနက္ ၂ ဦး ျပန္ေတြ႔
Friday, June 8, 2018

ရန္ကုန္သမိုင္းလမ္းဆံုအနီး ေပ်ာက္ဆံုးေနသူ မိန္းကေလး ၄ ဦးအနက္ ၂ ဦး မံုရြာတြင္ ျပန္ေတြ႔

================================================================

ရန္ကုန္၊ လိႈင္ၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္စပ္ၾကားရွိ သမိုင္းလမ္းဆံုအနီးတစ္ဝိုက္တြင္ ေပ်ာက္ဆံုးေနသူ မိန္း ကေလး ၄ ဦးအနက္ မိန္းကေလး ၂ ဦးအား ျပန္လည္ေတြ႔ရွိၿပီးျဖစ္ေၾကာင္း မိသားစုမ်ားထံမွသိရသည္။

ျပန္ေတြ႔ရွိသည့္ မိန္းကေလးႏွစ္ဦးမွာ အသက္ ၁၇ ႏွစ္အရြယ္ မေနေနေက်ာ္(ခ) မႏွင္းဝတ္ရည္ေက်ာ္ႏွင့္ မေမနဒီေအာင္(ခ) မမိုးမိုးတို႔ ျဖစ္သည္။

အဆိုပါ မိန္းကေလး ၂ ဦးအား မံုရြာၿမိဳ႕တြင္ ဇြန္လ ၇ ရက္ေန႔၊ ည ၉ နာရီခြဲခန္႔က ျပန္လည္ေတြ႔ရွိခဲ့ျခင္းျဖစ္ၿပီး ယေန႔ ဇြန္လ ၈ ရက္ေန႔တြင္ ရန္ကုန္သို႔ ျပန္လည္ေခၚေဆာင္လာၿပီျဖစ္ေၾကာင္း မိသားစုဝင္မ်ားက မဇၥ်ိမသို႔ ေျပာသည္။

“ မေန႔က မံုရြာဘက္မွ သတင္းၾကားလို႔ဆိုၿပီးေတာ့ မံုရြာဘက္ကို လိုက္ၿပီး သြားေခၚလာတာအခု။ ႏွစ္ေယာက္ စလံုးက အိမ္ကို စိတ္ဆိုးလို႔ေပါ့ ျပန္မလာရဲဘူးေပါ့။ အိမ္နဲ႔ အခန္႔မသင့္ျဖစ္တယ္ထင္ပါတယ္။ ညီမက အေဝး မွာဆိုေတာ့ မသိဘူးေလ။ ညက်မွ သိတာ။ သူတို႔က ေျခဦးတည့္ရာေလွ်ာက္သြားေနတာေပါ့ေလ။ မေန႔ကမွ အဲ့ဒီမံုရြာဘက္က အေဒၚႀကီးတစ္ေယာက္က ဖုန္းဆက္ေပးတာေပါ့ေနာ္။ ဒီလိုဒီလုိပဲ ေတြ႔လိုက္တယ္ ဆိုၿပီး ေတာ့မွ ရဲေတြကို အေၾကာင္းအၾကားဖုန္းဆက္ၿပီးေတာ့ သူတို႔ကို သြားေခၚလိုက္တာပါ။ ကေလးေတြက က်န္းက်န္းမာမာပဲ။ လူႀကီးနဲ႔ စိတ္ဆိုးလို႔ အိမ္ကိုျပန္မလာတာပဲရွိတယ္။ က်န္တာက ဘာမွမဟုတ္ဘူး။ ညီမတို႔က စိတ္ပူတာေပါ့ေနာ္။ သမိုင္းလမ္းဆံုမွာပဲ မိန္းကေလးေတြ စုၿပံဳၿပီးေပ်ာက္တာဆိုေတာ့ ပိုၿပီးစိုးရိမ္ေန တာေပါ့”ဟု မေမနဒီေအာင္၏ အစ္မျဖစ္သူ မစုဇင္ေအာင္က မဇၥ်ိမသို႔ ေျပာသည္။

မေမနဒီေအာင္ႏွင့္အတူ သမိုင္းလမ္းဆံုအနီးတဝိုက္တြင္ ေပ်ာက္ဆံုးသြားခဲ့ေသာ မေနေနေက်ာ္၏ မိခင္ျဖစ္သူ ကလည္း ဇြန္လ ၇ ရက္ေန႔၊ ညပိုင္းက မေမနဒီေအာင္ မိသားစုႏွင့္ ဖုန္းဆက္သြယ္ရာမွတဆင့္ သိရွိရသျဖင့္ ယေန႔ ဇြန္လ ၈ ရက္ေန႔တြင္ မေနေနေက်ာ္ကို ရန္ကုန္သို႔ ျပန္လည္ေခၚေဆာင္လာၿပီျဖစ္ေၾကာင္း ေျပာသည္။

“ မေန႔က အစ္ကိုပဲ မံုရြာမွာ သတင္းရတယ္လုိ႔ေျပာတယ္ေလ။ ည ၉ နာရီက်ေတာ့ သူတို႔ (မေမနဒီေအာင္ မိသားစု)ဘက္က ဖုန္းဆက္တာနဲ႔ ကၽြန္မတို႔အားခ်င္းလိုက္သြားတယ္။ သူတို႔က သမီးကို မႏၱေလးထိ ေခၚလာေပးတယ္။ အခု ကၽြန္မသမီးေခၚၿပီး ကၽြန္မ ရန္ကုန္ ျပန္လာခဲ့ၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ အမႈေတြဖြင့္ ထားတာေတြ လိုက္ပိတ္ရဦးမယ္ေလ။ ကၽြန္မကေတာ့ လူေရာင္းစားေတြ ဘာေတြ ပါသြားမလားလို႔ စိတ္ပူေနရတာ။ အခုမွပဲ ကိုယ္မွလည္း ေလလံုးႀကီးခ်ႏိုင္ေတာ့တယ္”ဟု ေပ်ာက္ဆံုးမႈမွာ ျပန္ေတြ႔ခဲ့ေသာ မေနေနေက်ာ္၏ မိခင္ ေဒၚမိုးမိုးႏြယ္က မဇၥ်ိမသို႔ ေျပာသည္။

က်န္ရွိသည့္ အသက္ ၁၆ ႏွစ္ ၃ လအရြယ္ မအိသဂႌေက်ာ္ႏွင့္ အသက္ ၁၉ ႏွစ္အရြယ္ မပန္းအိအိခင္တို႔မွာ ယေန႔ ဇြန္လ ၈ ရက္၊ မြန္းလြဲ ၂ နာရီခြဲေက်ာ္အထိ လံုးဝအဆက္အသြယ္ တစ္စံုတစ္ရာမရရွိေသးေၾကာင္း သက္ဆိုင္သူမိသားစုထံမွ သိရသည္။

လက္ရွိအခ်ိန္ထိ ေပ်ာက္ဆံုးေနသူ အသက္ ၁၉ ႏွစ္အရြယ္ မပန္းအိအိခင္မွာ ဥပေဒျဖင့္ တကၠသိုလ္တတိယႏွစ္ တက္ေရာက္ေနသူျဖစ္ၿပီး ၿပီးခဲ့သည့္ ေမလ ၃၁ ရက္ေန႔၊ ည ၈ နာရီ ၄၅ မိနစ္ခန္႔တြင္ သံလမ္းမွ သမိုင္းလမ္း ဆံုဘက္သို႔ အလုပ္မွျပန္လာစဥ္ ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ လက္ရွိခ်ိန္ထိေတာ့ ဘာသတင္းအစမွ မရေသးဘူး။ ကၽြန္ေတာ္တို႔လည္း တတ္ႏိုင္သေလာက္စံုစမ္းေနပါ တယ္။ ဒါေပမယ့္ ထူးျခားမႈဘာမွ မရွိေသးဘူး။ သူက ရည္းစားဘာညာလည္း ရွိတာမဟုတ္ဘူး။ သမီးအငယ္ဆံုး ဆိုေတာ့ ကၽြန္ေတာ္တို႔က ဝိုင္းခ်စ္ေနရတာ။ လိမၼာမႈလည္းရွိတယ္။ ေပ်ာက္တဲ့ေန႔ကလည္း ပံုမွန္အတိုင္း ထြက္သြားတာ ထူးျခားမႈ မရွိဘူး။ ေပ်ာက္တဲ့ညက သူ႔အစ္ကို ကုိေတာင္ ဘာဝယ္လာရမလဲ ဖုန္းဆက္ ေမးေသး တယ္။ ဘုရားလမ္းအေက်ာ္ သမိုင္းလမ္းဆံုေလာက္ေရာက္ခါနီးေတာ့ ကၽြန္ေတာ္တို႔ထပ္ဆက္ေတာ့ လံုးဝလိုင္း အဆက္အသြယ္ပ်က္သြားတာ။ ဒီေန႔ထိပဲ”ဟု မပန္းအိအိခင္၏ ဖခင္ျဖစ္သူ ဦးထြန္းလင္းသိန္းက ဇြန္လ ၈ ရက္တြင္ မဇၥ်ိမသို႔ ေျပာသည္။

အသက္ ၁၆ ႏွစ္ ၃ လအရြယ္ မအိသဂႌေက်ာ္မွာလည္း ဇြန္လ ၂ ရက္ေန႔၊ မြန္းလြဲ ၁ နာရီခန္႔က ဘုရားလမ္း၊ စိန္ေဂဟာေရွ႕တြင္ Gym သြားကစားမည္ဆိုကာ စာတစ္ေစာင္ေရးထားခဲ့ကာ ေပ်ာက္ဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Credit - Mizzima - News in Burmese

==========


Unicode

ရန်ကုန်သမိုင်းလမ်းဆုံအနီး ပျောက်ဆုံးနေသူ မိန်းကလေး ၄ ဦးအနက် ၂ ဦး မုံရွာတွင် ပြန်တွေ့

================================================================

ရန်ကုန်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်စပ်ကြားရှိ သမိုင်းလမ်းဆုံအနီးတစ်ဝိုက်တွင် ပျောက်ဆုံးနေသူ မိန်း ကလေး ၄ ဦးအနက် မိန်းကလေး ၂ ဦးအား ပြန်လည်တွေ့ရှိပြီးဖြစ်ကြောင်း မိသားစုများထံမှသိရသည်။

ပြန်တွေ့ရှိသည့် မိန်းကလေးနှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် မနေနေကျော်(ခ) မနှင်းဝတ်ရည်ကျော်နှင့် မမေနဒီအောင်(ခ) မမိုးမိုးတို့ ဖြစ်သည်။

အဆိုပါ မိန်းကလေး ၂ ဦးအား မုံရွာမြို့တွင် ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီခွဲခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ကြောင်း မိသားစုဝင်များက မဇ္ဈိမသို့ ပြောသည်။

“ မနေ့က မုံရွာဘက်မှ သတင်းကြားလို့ဆိုပြီးတော့ မုံရွာဘက်ကို လိုက်ပြီး သွားခေါ်လာတာအခု။ နှစ်ယောက် စလုံးက အိမ်ကို စိတ်ဆိုးလို့ပေါ့ ပြန်မလာရဲဘူးပေါ့။ အိမ်နဲ့ အခန့်မသင့်ဖြစ်တယ်ထင်ပါတယ်။ ညီမက အဝေး မှာဆိုတော့ မသိဘူးလေ။ ညကျမှ သိတာ။ သူတို့က ခြေဦးတည့်ရာလျှောက်သွားနေတာပေါ့လေ။ မနေ့ကမှ အဲ့ဒီမုံရွာဘက်က အဒေါ်ကြီးတစ်ယောက်က ဖုန်းဆက်ပေးတာပေါ့နော်။ ဒီလိုဒီလိုပဲ တွေ့လိုက်တယ် ဆိုပြီး တော့မှ ရဲတွေကို အကြောင်းအကြားဖုန်းဆက်ပြီးတော့ သူတို့ကို သွားခေါ်လိုက်တာပါ။ ကလေးတွေက ကျန်းကျန်းမာမာပဲ။ လူကြီးနဲ့ စိတ်ဆိုးလို့ အိမ်ကိုပြန်မလာတာပဲရှိတယ်။ ကျန်တာက ဘာမှမဟုတ်ဘူး။ ညီမတို့က စိတ်ပူတာပေါ့နော်။ သမိုင်းလမ်းဆုံမှာပဲ မိန်းကလေးတွေ စုပြုံပြီးပျောက်တာဆိုတော့ ပိုပြီးစိုးရိမ်နေ တာပေါ့”ဟု မမေနဒီအောင်၏ အစ်မဖြစ်သူ မစုဇင်အောင်က မဇ္ဈိမသို့ ပြောသည်။

မမေနဒီအောင်နှင့်အတူ သမိုင်းလမ်းဆုံအနီးတဝိုက်တွင် ပျောက်ဆုံးသွားခဲ့သော မနေနေကျော်၏ မိခင်ဖြစ်သူ ကလည်း ဇွန်လ ၇ ရက်နေ့၊ ညပိုင်းက မမေနဒီအောင် မိသားစုနှင့် ဖုန်းဆက်သွယ်ရာမှတဆင့် သိရှိရသဖြင့် ယနေ့ ဇွန်လ ၈ ရက်နေ့တွင် မနေနေကျော်ကို ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်လာပြီဖြစ်ကြောင်း ပြောသည်။

“ မနေ့က အစ်ကိုပဲ မုံရွာမှာ သတင်းရတယ်လို့ပြောတယ်လေ။ ည ၉ နာရီကျတော့ သူတို့ (မမေနဒီအောင် မိသားစု)ဘက်က ဖုန်းဆက်တာနဲ့ ကျွန်မတို့အားချင်းလိုက်သွားတယ်။ သူတို့က သမီးကို မန္တလေးထိ ခေါ်လာပေးတယ်။ အခု ကျွန်မသမီးခေါ်ပြီး ကျွန်မ ရန်ကုန် ပြန်လာခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ အမှုတွေဖွင့် ထားတာတွေ လိုက်ပိတ်ရဦးမယ်လေ။ ကျွန်မကတော့ လူရောင်းစားတွေ ဘာတွေ ပါသွားမလားလို့ စိတ်ပူနေရတာ။ အခုမှပဲ ကိုယ်မှလည်း လေလုံးကြီးချနိုင်တော့တယ်”ဟု ပျောက်ဆုံးမှုမှာ ပြန်တွေ့ခဲ့သော မနေနေကျော်၏ မိခင် ဒေါ်မိုးမိုးနွယ်က မဇ္ဈိမသို့ ပြောသည်။

ကျန်ရှိသည့် အသက် ၁၆ နှစ် ၃ လအရွယ် မအိသင်္ဂီကျော်နှင့် အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်တို့မှာ ယနေ့ ဇွန်လ ၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲကျော်အထိ လုံးဝအဆက်အသွယ် တစ်စုံတစ်ရာမရရှိသေးကြောင်း သက်ဆိုင်သူမိသားစုထံမှ သိရသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်မှာ ဥပဒေဖြင့် တက္ကသိုလ်တတိယနှစ် တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် သံလမ်းမှ သမိုင်းလမ်း ဆုံဘက်သို့ အလုပ်မှပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လက်ရှိချိန်ထိတော့ ဘာသတင်းအစမှ မရသေးဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်စုံစမ်းနေပါ တယ်။ ဒါပေမယ့် ထူးခြားမှုဘာမှ မရှိသေးဘူး။ သူက ရည်းစားဘာညာလည်း ရှိတာမဟုတ်ဘူး။ သမီးအငယ်ဆုံး ဆိုတော့ ကျွန်တော်တို့က ဝိုင်းချစ်နေရတာ။ လိမ္မာမှုလည်းရှိတယ်။ ပျောက်တဲ့နေ့ကလည်း ပုံမှန်အတိုင်း ထွက်သွားတာ ထူးခြားမှု မရှိဘူး။ ပျောက်တဲ့ညက သူ့အစ်ကို ကိုတောင် ဘာဝယ်လာရမလဲ ဖုန်းဆက် မေးသေး တယ်။ ဘုရားလမ်းအကျော် သမိုင်းလမ်းဆုံလောက်ရောက်ခါနီးတော့ ကျွန်တော်တို့ထပ်ဆက်တော့ လုံးဝလိုင်း အဆက်အသွယ်ပျက်သွားတာ။ ဒီနေ့ထိပဲ”ဟု မပန်းအိအိခင်၏ ဖခင်ဖြစ်သူ ဦးထွန်းလင်းသိန်းက ဇွန်လ ၈ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အသက် ၁၆ နှစ် ၃ လအရွယ် မအိသင်္ဂီကျော်မှာလည်း ဇွန်လ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ဘုရားလမ်း၊ စိန်ဂေဟာရှေ့တွင် Gym သွားကစားမည်ဆိုကာ စာတစ်စောင်ရေးထားခဲ့ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit - Mizzima - News in Burmese