MASIGNALPHA101

အသက်​အရွယ်​နှင့်​မမျှ တို့အ​ပေါ်ကို တရားပြခဲ့သူ

အသက်​အရွယ်​နှင့်​မမျှ တို့အ​ပေါ်ကို တရားပြခဲ့သူ
Tuesday, June 12, 2018








==========



Unicode

ငါ ငယ်ပါသေးတယ် မသေနိုင်သေးပါဘူးလို့သေခြင်းကိုတရားကို မေ့ထားသူတွေအတွက်သေခြင်းတရားကို နှလုံးသွင်းဆင်ခြင်ထားဖို့ရာ ဆရာလေးသေးသေးလေးက တရားပြခဲ့ပြီ...

အသေမဦးခင် တရားထူးရအောင် အားထုတ်သင့်ပေပြီ။

စည်းစိမ် ရာထူး ဘွဲ့ အာဏာ အစရှိသည်တို့သည်ရာသက်ပန် စိတ်အေးချမ်းမှုကို မဖြစ်ပေါ်စေနိုင်။

တခဏတာ တစ်ဘဝတာ မျှသာ ဟန်ပြကောင်းစေ၏။သံသရာ ချမ်းသာကို မပေးစွမ်းနိုင်။

ကုသိုလ်တရားများစွာထဲမှာမှ ဝိပဿနာတရားကိုအားထုတ်ပွားများခြင်းသည်သာ အသေကိုလည်းတတ်စေ၏။ သံသရာလမ်းကိုလည်း ပြတ်စေနိုင်သဖြင့်များစွာ အားကိုးထိုက်သော ဗုဒ္ဓအလိုတော်ကျအချိန်မှီ လိုက်နာသောက်သုံးသင့်သော အံ့ဘွယ် ဆေးစွမ်းကောင်းကြီး တစ်ခွက်ပင်ဖြစ်တော့သည်။

အသေမဦးခင် အရေးအကြီးဆုံးဝိပဿနာအလုပ်ကို လုပ်ဖြစ်အောင်လုပ်ကြ၍ပေါက်မြောက်အောင်လည်း အာတာပ ဝီရိယတို့ဖြင့် လုပ်နိုင်ကြပါစေ။

အရှင်စန္ဒောဘာသ(အောင်ပင်လယ်)