MASIGNALPHA101


Sunday, May 6, 2018

ည (၈း၎ဝ) နာရီအချိန်​ခန့်​ ​ဇေယျမင်္ဂလာ​ရွှေအင်း​တောင်​​စေတီ​​တော်​မြတ်​ကြီး၏ ရင်​ပြင်​​တော်​​ပေါ်တွင်​ရှိ​သော

Kyaw Zay Yar

#​ဒေါ်​မေတို့ရွာက​လေး




========

Unicode

ည (၈း၄ဝ) နာရီအချိန်ခန့် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင်ရှိသော
ရွှေဘုံသာဆုတောင်းပြည့်(ကြေးဆင်းတုတော်)တိုက် အခန်းအတွင်းတွင်
အမျိုးသားတစ်ဦး သွေးများဖြင့် လဲနေကြောင်း
ဘုရားကြီးဂေါပကအဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာသဖြင့်
ဘုရားကြီးရင်ပြင်ပေါ်သို့ မြို့ နယ်ရဲတပ်ဖွဲ့ စခန်းမှတပ်ဖွဲ့ဝင်များ၊မြို့ နယ်အရန်မီးသတ်တပ်ရင်းမှတပ်ဖွဲ့ဝင်များမှသွားရောက်ခဲ့ကြပြီး
ထိုလူမှာဦးခေါင်း ချို စောင်းပေါက်ပြဲဒဏ်ရာများရရှိပြီးသွေးအိုင်ထဲတွင်လဲကျနေသဖြင်
ဆေးရုံသို့အချိန်မီပို့ဆောင်ပေးနိုင်ရန်
ကလျာဏသုခ လူမှုကူညီရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်အား ဆက်သွယ်အကြောင်းကြားပြီး
ရဲတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကလျာဏသုခ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များပူးပေါင်းပြီး
ဘုရားကြီးရင်ပြင်တော်ပေါ်မှ မြို့ နယ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပါသည်။
ထိုလူမှာ ဦးမောင်မြင့် ဆိုသူဖြစ်ပြီး
ယခင်ရွှေအိုး (၁) ရပ်ကွက်တွင်နေထိုင်ပြီး
ယခုအခါ ဝါးခြမ်းကာကျေးရွာတွင်နေထိုင်ကြောင်းသိရသည်။

Kyaw Zay Yar

#ဒေါ်မေတို့ရွာကလေး