MASIGNALPHA101

ဘန္ေကာက္တြင္က်င္းပသည့္ ဆိုင္ကယ္စတန္႔ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံသား ပထမဆုရ….

ဘန္ေကာက္တြင္က်င္းပသည့္ ဆိုင္ကယ္စတန္႔ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံသား ပထမဆုရ….
Wednesday, April 11, 2018

ဘန္ေကာက္တြင္က်င္းပသည့္ ဆိုင္ကယ္စတန္႔ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံသား ပထမဆုရ

မႏၲေလး၊ ဧၿပီ ၁၀

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ဆိုင္ကယ္စတန္႔ၿပိဳင္ပြဲတစ္ခုမွ အငယ္တမ္းအဆင့္ ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ သက္ေနာင္ေဇာ္က ပထမဆုရရွိခဲ့ေၾကာင္း ၎ထံမွ သိရသည္။

ဘန္ေကာက္ၿမိဳ႕တြင္ ဧၿပီလ ၆ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ၃၉ ႀကိမ္ေျမာက္ ႏိုင္ငံတကာ ေမာ္ေတာ္ယာဥ္ ျပပြဲတြင္ ဆိုင္ကယ္စတန္႔ၿပိဳင္ပြဲသို႔ ၎အေနျဖင့္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ေၾကာင္း ၎က ဆုိသည္။

” ပထမအႀကိမ္တုန္းကေတာ့ အလယ္တန္းအဆင့္ၿပိဳင္ပြဲမွာ ဒီက ၂ ေယာက္ၿပိဳင္တယ္။ ဘာဆုမွ မရခဲ့ပါဘူး။ ခုတစ္ႀကိမ္ကေတာ့ ကၽြန္ေတာ္က အငယ္တန္းအဆင့္မွာ ပထမရခဲ့တာပါ ” ဟု ကိုသက္ေနာင္ေဇာ္က ေျပာဆိုသည္။

အဆုိပါၿပိဳင္ပြဲတြင္ အႀကီးတန္းအဆင့္ႏွင့္ အငယ္တန္းအဆင့္ ၿပိဳင္ပြဲမ်ားပါဝင္ခဲ့ကာ ၿပိဳင္ပြဲဝင္ ၅၀ ေက်ာ္ပါဝင္ခဲ့ၿပီး အင္ဒိုနီးရွားႏိုင္ငံမွ အႀကီးတန္းအဆင့္ၿပိဳင္ပြဲဝင္တစ္ဦး၊ ျမန္မာႏိုင္ငံမွ ၿပိဳင္ပြဲဝင္ တစ္ဦးတို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး အငယ္တန္းအဆင့္တြင္ ၿပိဳင္ပြဲဝင္ ၂၀ ခန္႔ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း ယင္းၿပိဳင္ပြဲထံမွ သိရသည္။

“ကၽြန္ေတာ္ကေတာ့ ကိုယ့္ႏိုင္ငံက ညီငယ္ေလးတစ္ေယာက္ ခုလို ႏိုင္ငံတကာပြဲတစ္ခုမွာ ပထမရတယ္ဆိုတာ အရမ္းေပ်ာ္တာေပါ့။ အျခားစတန္႔ဝါသနာရွင္ ညီငယ္ေလးေတြကို ေျပာခ်င္တာကေတာ့ ကိုယ္ ဘယ္ Level ကို သြားမွာလဲ၊ လမ္းေပၚမွ ေပၚပင္ျဖစ္႐ုံ လမ္းသလား႐ုံေလာက္ပဲ ကစားခ်င္တာလား၊ ႏိုင္ငံတကာပြဲေတြအထိ သြားခ်င္တာလား စဥ္းစားေစခ်င္ပါတယ္။ ခု ကၽြန္ေတာ္တို႔ႏိုင္ငံကေန ႀကိဳးစားေနတဲ့ ညီငယ္ေလးေတြရွိတယ္။ သူတို႔ေတြလိုပဲ ႏိုင္ငံတကာၿပိဳင္ပြဲေတြ အထိသြားခ်င္တဲ့ ညီငယ္ေလးေတြအေနနဲ႔ ကၽြန္ေတာ္တတ္ႏိုင္တဲ့ အပိုင္းကို ကူညီဖို႔အသင့္ပါ ” ဟု ထိုင္းႏိုင္ငံတြင္ ေနထိုင္သည့္ ဆိုင္ကယ္စတန္႔သမား ကိုေနာင္(Stunner ko) က မွတ္ခ်က္ျပဳေျပာဆုိသည္။

ေမာင္သက္ေနာင္ေဇာ္သည္ မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္တြင္ ေနထိုင္ၿပီး ၂၀၁၅ ခုႏွစ္ကစ၍ ဆိုင္ကယ္ စတန္႔ကစားခဲ့ၿပီး ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းက ထိုင္းႏိုင္ငံ ပတၱယားၿမိဳ႕တြင္ က်င္းပခဲ့သည့္ စတန္႔ၿပိဳင္ပြဲ တစ္ခုတြင္လည္း မိတၳီလာၿမိဳ႕နယ္မွ ဟန္လင္းေအာင္ႏွင့္အတူ အလယ္တန္းအဆင့္ၿပိဳင္ပြဲတစ္ခုကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

The Voice

M-04

==========



Unicode

ဘန်ကောက်တွင်ကျင်းပသည့် ဆိုင်ကယ်စတန့်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ပထမဆုရ

မန္တလေး၊ ဧပြီ ၁၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆိုင်ကယ်စတန့်ပြိုင်ပွဲတစ်ခုမှ အငယ်တမ်းအဆင့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သက်နောင်ဇော်က ပထမဆုရရှိခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ဘန်ကောက်မြို့တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၃၉ ကြိမ်မြောက် နိုင်ငံတကာ မော်တော်ယာဉ် ပြပွဲတွင် ဆိုင်ကယ်စတန့်ပြိုင်ပွဲသို့ ၎င်းအနေဖြင့် ဒုတိယအကြိမ်မြောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ပထမအကြိမ်တုန်းကတော့ အလယ်တန်းအဆင့်ပြိုင်ပွဲမှာ ဒီက ၂ ယောက်ပြိုင်တယ်။ ဘာဆုမှ မရခဲ့ပါဘူး။ ခုတစ်ကြိမ်ကတော့ ကျွန်တော်က အငယ်တန်းအဆင့်မှာ ပထမရခဲ့တာပါ ” ဟု ကိုသက်နောင်ဇော်က ပြောဆိုသည်။

အဆိုပါပြိုင်ပွဲတွင် အကြီးတန်းအဆင့်နှင့် အငယ်တန်းအဆင့် ပြိုင်ပွဲများပါဝင်ခဲ့ကာ ပြိုင်ပွဲဝင် ၅၀ ကျော်ပါဝင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ အကြီးတန်းအဆင့်ပြိုင်ပွဲဝင်တစ်ဦး၊ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် တစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အငယ်တန်းအဆင့်တွင် ပြိုင်ပွဲဝင် ၂၀ ခန့်ယှဉ်ပြိုင်ခဲ့ကြကြောင်း ယင်းပြိုင်ပွဲထံမှ သိရသည်။

“ကျွန်တော်ကတော့ ကိုယ့်နိုင်ငံက ညီငယ်လေးတစ်ယောက် ခုလို နိုင်ငံတကာပွဲတစ်ခုမှာ ပထမရတယ်ဆိုတာ အရမ်းပျော်တာပေါ့။ အခြားစတန့်ဝါသနာရှင် ညီငယ်လေးတွေကို ပြောချင်တာကတော့ ကိုယ် ဘယ် Level ကို သွားမှာလဲ၊ လမ်းပေါ်မှ ပေါ်ပင်ဖြစ်ရုံ လမ်းသလားရုံလောက်ပဲ ကစားချင်တာလား၊ နိုင်ငံတကာပွဲတွေအထိ သွားချင်တာလား စဉ်းစားစေချင်ပါတယ်။ ခု ကျွန်တော်တို့နိုင်ငံကနေ ကြိုးစားနေတဲ့ ညီငယ်လေးတွေရှိတယ်။ သူတို့တွေလိုပဲ နိုင်ငံတကာပြိုင်ပွဲတွေ အထိသွားချင်တဲ့ ညီငယ်လေးတွေအနေနဲ့ ကျွန်တော်တတ်နိုင်တဲ့ အပိုင်းကို ကူညီဖို့အသင့်ပါ ” ဟု ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဆိုင်ကယ်စတန့်သမား ကိုနောင်(Stunner ko) က မှတ်ချက်ပြုပြောဆိုသည်။

မောင်သက်နောင်ဇော်သည် မန္တလေးမြို့ အမရပူရမြို့နယ်တွင် နေထိုင်ပြီး ၂၀၁၅ ခုနှစ်ကစ၍ ဆိုင်ကယ် စတန့်ကစားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ကျင်းပခဲ့သည့် စတန့်ပြိုင်ပွဲ တစ်ခုတွင်လည်း မိတ္ထီလာမြို့နယ်မှ ဟန်လင်းအောင်နှင့်အတူ အလယ်တန်းအဆင့်ပြိုင်ပွဲတစ်ခုကို သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

The Voice