MASIGNALPHA101

ရေသ့ေတာင္ၿမို႕နယ္ အတြင္းရွိ ပင္လယ္ကမ္းစပ္၌ ေတြ႕ရွိခဲ့သည့္ အစၥလာမ္ဘာသာ၀င္ ၁၀၄ ဦးအား စိစစ္မႈမ်ားျပဳလုပ္လ်က္ရွိ

ရေသ့ေတာင္ၿမို႕နယ္ အတြင္းရွိ ပင္လယ္ကမ္းစပ္၌ ေတြ႕ရွိခဲ့သည့္ အစၥလာမ္ဘာသာ၀င္ ၁၀၄ ဦးအား စိစစ္မႈမ်ားျပဳလုပ္လ်က္ရွိ
Tuesday, June 12, 2018

ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ဗလေခ်ာင္း၀ အငူေမာ္ေက်းရြာႏွင့္ ဒံုးပို္က္ေက်းရြာအၾကား ပင္လယ္ကမ္းစပ္တြင္ စက္ေလွတစ္စီးနွင့္အတူေတြ႕ရွိခဲ့သည့္ အစၥလာမ္ဘာသာ၀င္ ၁၀၄ ဦးအား လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ေမာ္ေတာ္ ယာဥ္ ၄ စီးျဖင့္ ငါးခူရျပန္လည္လက္ခံေရးစခန္းသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသား မွတ္ပံုတင္ေရးဦးစီး ဌာနမွ တာ၀န္ရွိသူမ်ားက စိစစ္မႈမ်ား ျပဳလုပ္ လ်က္ရွိေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

သာစည္ ေက်းရြာအနီး ပင္လယ္ကမ္းစပ္၌ စက္ေလွ အလ်ား ေပ ၄၀၊ အနံ ေပ ၂၀၊ ေဇာက္ အနက္ ၆ ေပရွိ ၀မ္းဗိုက္ထက္ျခမ္းကြဲ ပ်က္စီးေနေသာ စက္ေလွ တစ္စီးႏွင့္ အမ်ဳိးသား ၄၄ ဦး၊ အမ်ဳိးသမီး ၆၀ စုစုေပါင္း ၁၀၄ ဦးတို႔အား စိစစ္ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။


ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေမ ၂၁ ရက္ေန႔တြင္ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၊ သေဘၤာေကြ႕ ေက်းရြာအနီး ပင္လယ္ျပင္တြင္ ေလွစီးဒုကၡသည္ ၂၂၈ ဦး ေတြ႕ရွိခဲ့သျဖင့္ စိစစ္ခဲ့ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၂၀၈ ဦး ပါ၀င္ေနေၾကာင္း ေတြ႕ရွိရသျဖင့္ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ ကာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ စနစ္တက် လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။


ထို႕အတူ ၂၀၁၅ ခုႏွစ္ ေမ ၂၉ ရက္ကလည္း ဧရာ၀တီတုိင္းေဒသႀကီး ဖ်ာပံုၿမိဳ႕အေရွ႕ေတာင္ဘက္ ပင္လယ္ျပင္အတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ေလွစီး ဒုကၡသည္ ၇၃၄ ဦး ေတြ႕ရွိခဲ့ရသျဖင့္ လူသားခ်င္း စာနာေထာက္ ထားမႈ အကူအညီမ်ား ေပးအပ္ကာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ စနစ္တက် လႊဲေျပာင္းေပးခဲ့ေၾကာင္း ျပန္ၾကားေရး၀န္ႀကီးဌာန၏ သတင္းထုတ္ျပန္မႈတြင္ေဖာ္ျပထားသည္။

The Ladies News
Credit: MOI

==========


Unicode

ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စီးနှင့်အတူတွေ့ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင် ၁၀၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော် ယာဉ် ၄ စီးဖြင့် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သာစည် ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ စက်လှေ အလျား ပေ ၄၀၊ အနံ ပေ ၂၀၊ ဇောက် အနက် ၆ ပေရှိ ဝမ်းဗိုက်ထက်ခြမ်းကွဲ ပျက်စီးနေသော စက်လှေ တစ်စီးနှင့် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ၂၂၈ ဦး တွေ့ရှိခဲ့သဖြင့် စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦး ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ် ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၅ ခုနှစ် မေ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီး ဒုက္ခသည် ၇၃၄ ဦး တွေ့ရှိခဲ့ရသဖြင့် လူသားချင်း စာနာထောက် ထားမှု အကူအညီများ ပေးအပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင်ဖော်ပြထားသည်။

The Ladies News
Credit: MOI