MASIGNALPHA101
ကြားသုံးကြား မဝင်ကောင်းဘူးတဲ့ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က ငိုယိုပြီးပြောရှာလို့ မနေနိုင်တော့ဘူး။
ကြားသုံးကြား မဝင်ကောင်းဘူးတဲ့ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က ငိုယိုပြီးပြောရှာလို့ မနေနိုင်တော့ဘူး။
Monday, May 14, 2018
Share ပေးကြပါ။
လင်း ထက်​.
==========
Unicode
ကြားသုံးကြား မဝင်ကောင်းဘူးတဲ့
ဒါပေမယ့် မတတ်နိုင်တော့ဘူး
ကာယကံရှင်ကိုယ်တိုင်က ငိုယိုပြီးပြောရှာလို့ မနေနိုင်တော့ဘူး။ ကိုယ်တိုင်လဲ ဘယ်မိန်းကလေးကိုမှ ကိုယ်ထိလက်ရောက်မကျူးလွန်ဖူးသလို၊ နင်မဲငစ မပြောဖူးဘူး။ ပြောတဲ့ကောင်တွေလည်း ရွံတယ်။ လူလို့ကို မသတ်မှတ်ဘူး
ပြတ်သွားတဲ့ရည်းစားဟောင်းက ရိုက်နှက်ထားတာတဲ့ ကြည့်ပါဦး။ ကိုယ့်ကိုပြောပြသလောက် အဲ့ကလေးမ ခံရတာ ဒါပါနဲ့ဆို နှစ်ခါရှိပြီ။ အရင်ကလည်း အဲ့လို ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်နေကျတဲ့။
ဖြစ်တာက မန္တလေးမှာ။ ညနေပိုင်းလောက် သူငယ်ချင်းဖုန်းဆိုင်မှာ သူ့သူငယ်ချင်းနဲ့စကားပြောနေတုန်း ရည်းစားဟောင်းဆိုတဲ့ တိရစ္ဆာန်လေးကရောက်လာပြီး "
ငါနဲ့လိုက်ခဲ့ မလိုက်ရင် ဆိုင်ထဲမှာ ပြသနာတက်ချင်လား" ဆိုတာကို ကြောက်လန့်ပြီး လိုက်သွားရလား ညီမလေးရယ်။
ည ၇ နာရီလောက် Easy way ကော်ဖီဆိုင်ထဲမှာ မျက်နှာကို Menu စာအုပ်နဲ့ ပစ်ပေါက်၊ ဆိုင်ရှေ့မှာ အဲ့လောက် မိန်းကလေးတစ်ယောက်ကို ရိုက်နှက်နေတာ ခင်ဗျားတို့မို့လို့ ကြည့်နေရက်တယ်ဗျာ။
အိမ်မှာ အဖေကခရီးထွက်သွားလို့မရှိ၊ အမေကဆုံး၊ မောင်လေးတစ်ယောက်ထဲနဲ့ ရပ်ကွက်ရုံးသွား၊ ရဲစခန်းတိုင်ပါလို့ပြောတာကို အဲ့ကောင်လာသတ်မှာကြောက်လို့တဲ့။
အတင်းနားချတော့မှ ဦးလေးလုပ်သူကို ဖုန်းဆက်ပြီး ဒီချိန်ကြီးကျမှ ဆေးခန်းပြဖို့ ရဲတိုင်ဖို့လုပ်နေလေရဲ့။
ဟိုအနိုင်ကျင့်သူကတော့ ကြောက်လို့ ပြေးဖို့ကြံနေပြီ။
ဝဋ်ကြီးလိုက်တာ ညီမလေးရယ်
မြန်မာနိုင်ငံမှာ မိန်းကလေးတွေအတွက် လုံခြုံမှုမရှိတော့ဘူးလား?
ကိုယ့်ရှေ့မှာ မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်နေတာ ဘယ်သူမှမကူညီကြဘူးလား?
ဒီတိုင်းကြည့်နေကြသလားဗျာ?
Share ပေးကြပါ။
ဒီလို လူမျိုး.. လွတ်သွားတာ မဖြစ်သင့်ဘူး
လင်း ထက်.