MASIGNALPHA101

ဆယ်နှစ်သမီးလေး မုဒိန်းကျင့် သတ်တဲ့သူတွေ မိပြီ.. ။

ဆယ်နှစ်သမီးလေး မုဒိန်းကျင့် သတ်တဲ့သူတွေ မိပြီ.. ။
Thursday, March 1, 2018

မိုးကောင်းက သက်ငယ်မုဒိန်း လူယုတ်မာတွေမိပြီ (အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်။)



ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးအား အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သူနှစ်ဦးအား ၃ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက မိုးကောင်း မြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ညောင်ထောက်ကလေးကျေးရွာနေ အောင်မင်္ဂလာအခြေခံပညာမူလတန်းကျောင်းမှ စတုတ္ထတန်းကျောင်းသူ မမွှေးမွှေး(၁၀)နှစ်(ဘ)ဦးမောင်အိုက်သည် ထင်းခွေသွားရာမှ ပြန်ရောက်မလာသဖြင့် ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှလိုက်လံ ရှာဖွေရာ ဓားဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ မိုးကောင်းမြို့မရဲစခန်းသို့ အကြောင်းကြားပြီး အမှုဖွင့်တိုင်တန်းခဲ့သည်။









ရုပ်သံကြည့်ရန်...




========

Unicode

မိုးကောင်းက သက်ငယ်မုဒိန်း လူယုတ်မာတွေမိပြီ

၁၀ နှစ်အရွယ်စတုတ္ထတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှု ၃ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး

မိုးကောင်း ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ရ၃)တွင် ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးအား အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သူနှစ်ဦးအား ၃ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက မိုးကောင်း မြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ရ၃)တွင် ညောင်ထောက်ကလေးကျေးရွာနေ အောင်မင်္ဂလာအခြေခံပညာမူလတန်းကျောင်းမှ စတုတ္ထတန်းကျောင်းသူ မမွှေးမွှေး(၁၀)နှစ်(ဘ)ဦးမောင်အိုက်သည် ထင်းခွေသွားရာမှ ပြန်ရောက်မလာသဖြင့် ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှလိုက်လံ ရှာဖွေရာ ဓားဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ မိုးကောင်းမြို့မရဲစခန်းသို့ အကြောင်းကြားပြီး အမှုဖွင့်တိုင်တန်းခဲ့သည်။

မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်ဦးစီး မြို့ မရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ ၁၀ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ မိုးကောင်းမြို့ နယ် လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး(ခ)မောင်ဌေး (၃၇)နှစ် အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ(ခ)ဦးငင်းဆိုင်(၅၈)နှစ် တို့နှစ်ဦးဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

Credit - ဝင်းနိုင် ကချင်မြေ